bap-logo
Politics

ကန့်ဘလူနှင့်ကျွန်းလှတွင် တစ်လအတွင်းအိမ်ခြေ ၂၈၀ကျော် မီးရှို့ခံရပြီး ဒေသခံ ၁၅ ဦး သတ်ဖြတ်ခံရ

u8d4ZGamLYM2ZLRRmX5qT-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ -

 

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တွင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီ တပ်က နေအိမ်ပေါင်း ၂၈၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

 

စစ်တပ်က ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ငါးရွာမှ နေအိမ် ၁၀၃ လုံး၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာ ငါးရွာမှာ နေအိမ် ၁၈၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။

 

ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပေါင်းပြီး စပါးတင်း ၁,၀၀၀ ကျော်ကို လုယက်ခဲ့ပြီး စပါးကျီ ၆၁ လုံး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီတပ်က ကြတာကန်၊ ရှမ်းကုန်း၊ ပင့်သာ၊ ညောင်ကုန်း၊ ပလူသာ၊ ငါးမြှောင်ကျေးရွာတွေက ပြည်သူ (၁၅) ဦးကို သတ်ဖြတ်ခဲ့ကြောင်းနှင့် ငါးမြှောင်ကျေးရွာက NLD ထောက်ခံသူ မိသားစု တစ်စုကိုလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ဆိုထားသည်။

 

Photo - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

 

Burma Associated Press

Sagaing
kanbalu
Military
Burned
Civilian
house

Share With
bap-logo