bap-logo
Politics

စစ်အုပ်ချုပ်ရေးမြို့နယ်တစ်ခုဖြစ်သော မြိုင်တွင် ‌ဒေသခံများ ဗုံးခိုကျင်းတူး

yaq_stDDK_ki7Rbm7i2kM-image

လွန်ခဲ့သော ၂ နှစ် က


ဖေဖော်ဝါရီ

 

စစ်ကောင်စီမှ သတ်မှတ်ထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးမြို့နယ်ထဲတွင်ပါဝင်သော မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်းရှိ အချို့ကျေးရွာများတွင် ဒေသခံများက ဗုံးခိုကျင်းများ စတင်တူးဖော်နေကြောင်း သိရသည်။

 

စစ်ကောင်စီ စစ်ကြောင်းသည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာချင်း စစ်ကြောင်းထိုး လှုပ်ရှားမှုများ အဆက်မပြတ်လုပ်ဆောင်နေခြင်းကြောင့် ရွာသားများက ဗုံးခိုကျင်းတူးကာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

 

စစ်အုပ်ချုပ်ရေးကြေညာပြီး ရွာဘက်တွေ လှုပ်လှုပ်ဖြစ်ကုန်တယ်။ ရွာဘက်ကသူတွေ ဗုံးခိုကျင်းတွေ တူးနေကြ တယ်။ ရွာကသူတွေ ဗုံးခိုကျင်းတောင်မသိလို့ နီးစပ်ရာလိုက်မေးပြီးတူးနေကြတာဟု မြိုင် တောင်ပိုင်းရွာ ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာမှုကို မြိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အသိအမှတ် မပြုကြောင်း ထုတ်ပြန်ထားသည်။

 

မြိုင်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေးနှင့် တည်ဆဲဥပဒေများအတိုင်း အုပ်ချုပ်လျှက်ရှိသည့် မြို့နယ်ဖြစ်ပြီး၊ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDF နှင့် LDF တပ်ရင်းတပ်ဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

ပုံစာ။ စာသင်ကျောင်းအနီးတူးထားသော ဗုံးခိုကျင်းအချို့ကို တွေ့ရစဉ်။

 

ဓာတ်ပုံ MOHADM

 

Burma Associated Press

 

Martial Law
Magway
Civilian
Bomb Shelter

Share With
bap-logo