bap-logo
International

မြစ်ရေကြီးမှုနှင့် မြို့ပြရေလျှံမှုများက စမ်းသပ်ခံနေရသည့် တရုတ်၏ ဘေးအန္တရာယ်တုံ့ပြန်မှုစနစ်

Q4WWPDkdxlyRxE-bF6vkc-image

လွန်ခဲ့သော တစ်နှစ် က

ရေပြည့်လျှံနေသည့် မြစ်များမှ ရေများကို လူအများပိတ်မိနေသော ရေမြုပ်နေသည့် မြို့များသို့ အန္တရာယ်ကြီးစွာ ရေဖောက်ထုတ်စီးဆင်းစေခြင်းသည် တရုတ်၏ ဘေးအန္တရာယ် တုံ့ပြန်မှုစနစ်ကို စမ်းသပ်မှုတစ်ခုဖြစ်သည်။ နှစ်များစွာအတွင်း အားအပြင်းဆုံး မုန်တိုင်းတစ်ခု၏ နောက်ဆက်တွဲအဖြစ် စံချိန်တင်မိုးရွာသွန်းမှုသည် ရက်သတ္တပတ်များစွာ ဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းရသည်။

 

တရုတ်နိုင်ငံတောင်ပိုင်းတွင် သောကြာနေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် Doksuri တိုင်ဖွန်းမုန်တိုင်းကြောင့် မြောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘေဂျင်းမြို့တွင် နှစ်ပေါင်း ၁၄၀ အတွင်း မိုးရေချိန်မှတ်တမ်းကို စံချိန်ချိုးခဲ့ကာ လူနေထူထပ်သည့် Hebei ပြည်နယ်တွင် တစ်နှစ်လုံးရွာသွန်းသည်ထက် ပိုမိုများပြားစွာ ရွာသွန်းခဲ့သည်။

 

တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ် ပြည်နယ်များသို့ ရွေ့လျားသွားပြီး မိုးနည်းသွားစဉ်မှာပင် ဗြိတိန်နိုင်ငံအရွယ်အစားရှိသည့် ဒေသ တစ်ခုသည် ရေလမ်းကြောင်းများနှင့် ရေလှောင်ကန်များ အန္တရာယ်ကင်းစွာ ရေဖောက် ထုတ်ခြင်း၊ အိမ်များအတွင်း ပိတ်မိနေသည့် လူထောင်ပေါင်းများစွာကို ကယ်ဆယ်ခြင်း လုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်မှုများဖြင့် ရုန်းကန်အလုပ်များလာသည်။

 

တရုတ်မြောက်ပိုင်းရှိ မြစ်ငါးစင်း ဆုံရာ Hai မြစ် ချိုင့်ဝှမ်းသည် ရေကြီးမှုဆင့်ကဲဖြစ်စဉ်ကို ဖြတ်သန်းနေရပြီး ရေကြီးမှုထိန်းချုပ်ရေး အင်ဂျင် နီယာစနစ်များသည် ၁၉၉၆ ရေကြီးမှုများ နောက် ပိုင်း အပြင်းထန်ဆုံး စမ်းသပ်မှုကို ကြုံတွေ့နေရ သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

 

တရုတ်မြောက်ပိုင်းရှိ မြစ်ငါးစင်း ဆုံရာ Hai မြစ် ချိုင့်ဝှမ်းသည် ရေကြီးမှုဆင့်ကဲဖြစ်စဉ်ကို ဖြတ်သန်းနေရပြီး ရေကြီးမှုထိန်းချုပ်ရေး အင်ဂျင်နီယာစနစ်များသည် ၁၉၉၆ ရေကြီးမှုများ နောက်ပိုင်း အပြင်းထန်ဆုံး စမ်းသပ်မှုကိုကြုံတွေ့နေရသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

 

၁၉၉၆ ခုနှစ် နွေရာသီတွင် တရုတ်နိုင်ငံအလယ်ပိုင်း Yangtze မြစ်ချိုင့်ဝှမ်း၌ ကြီးမား ဆိုးရွားသော ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၈၀၀ သေဆုံးခဲ့ကာ အိမ်ပေါင်း သန်းနှင့်ချီ ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေများ ရေလွှမ်းခံခဲ့ရသည်။

 

Hebei အာဏာပိုင်များက သဘာဝဘေးအန္တရာယ် အရေးပေါ် တုံ့ပြန်မှု အဆင့် ၂ မှ ၃ သို့ မြှင့်တင်ခဲ့ရပြီး ဘေဂျင်းက ၎င်း၏ မြို့စွန်များတွင် မြေပြိုမှုအန္တရာယ်ကို မပြတ် သတိပေး နေခဲ့ရသည်။

 

Hebei တွင် လျှံတက်နေသော ရေများ ပြန်ကျရန် တစ်လခန့်အထိ ကြာမြင့်နိုင်ပြီး Zhuozhou မြို့က အပြင်းထန်ဆုံး ထိခိုက်ခဲ့သည်ဟု ရေအရင်းအမြစ်ဌာန အရာရှိက နိုင်ငံပိုင် မီဒီယာသို့ ကြာသပတေးနေ့က ပြောကြားသည်။ ဘေဂျင်းမြို့ အနောက်တောင်ဘက်တွင်ရှိသော ၎င်းမြို့မှ လူပေါင်း ၁၀၀ ၀၀၀ ခန့်(၎င်းမြို့၏ ခြောက်ပုံတစ်ပုံခန့်) ကို ရွှေ့ပြောင်းပေးခဲ့ရသည်။

 

တရုတ်သည် ရေယိုစိမ့်မှုအန္တရာယ်ကို သိရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မကြာသေးခင် နှစ်များအတွင်း မြို့ပြများ အလျင်အမြန် ချဲ့ထွင်မှုကြောင့် ရေလွှမ်းဧရိယာများကို ကွန်ကရစ်များဖြင့် ဖုံးအုပ်ထားသည့် မြို့ပြအခြေချမှုများ ပေါ်ပေါက်ခဲ့သည်။

 

တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံ၏ အဓိက မြို့တော် ၆၅၄ ခု၏ ၉၈ % သည် ရေကြီးခြင်းနှင့် ရေစိမ့်မှုခံစားရဖွယ် ရှိသည်။ အရှေ့မြောက်ဘက် ပြည်နယ်များမှ မိုးရေချိန်သည် ဩဂုတ်လတွင် ၅၀% မြင့်တက်လာနိုင်သည်ဟု တရုတ် အမျိုးသားခန့်မှန်းရေးဌာနက ကြာသပတေးနေ့က ပြောကြားသည်။

 

ရေတွေ ဖောက်ထုတ်ဖို့ နည်းလမ်းမရှိတော့ ဘူးလား။ ရေတွေ ပြန်မကျသေးဘူး။ ကယ်ဆယ်ရေး လုပ်ဆောင်နိုင်မှုကလည်း အရမ်းနည်းတယ်။

 

ရေတွေ ဖောက်ထုတ်ဖို့ နည်းလမ်းမရှိတော့ဘူးလား။ ရေတွေ ပြန်မကျသေးဘူး။ ကယ်ဆယ်ရေးလုပ်ဆောင်နိုင်မှုကလည်း အရမ်းနည်းတယ်။ဟု တရုတ်၏ လူသိများသော ဘလော့အငယ်စား Weibo တွင် သုံးစွဲသူတစ်ဦးက ပြောကြားခဲ့ပြီး Zhuozhou မှ အချို့နေရာများသည် ၆ မီတာ (ပေ ၂၀) ခန့် ရေအောက်သို့ ကျရောက်နေသည်ဟု သတိပေးခဲ့သည်။

 

မိုးအရမ်းများတဲ့အတွက် ရေ ၆ မီတာ ရောက်လာတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ရေကြီးရေလျှံမှုကို ပြန်လည် ဖောက်ချဖို့က ပြဿနာတစ်ခုပါ။ဟု ၎င်းက ပြောသည်။

 

ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲ

 

Zhuozhou Matou မြို့သည် ထိခိုက်မှု များပြားခဲ့သည့် မြို့တစ်ခုဖြစ်ပြီး လမ်းများက မြစ်များအဖြစ်ပြောင်းလဲသွားပြီး လျှပ်စစ်နှင့် သောက်ရေပေးပို့မှုများ ပြတ်တောက်ခဲ့ကာ မိုဘိုင်းဖုန်း ဆက်သွယ်မှုများ ပြတ်တောက်၍ လူများမှာ အိမ်များတွင် ပိတ်မိနေခဲ့သည်။

 

ရေလျှံနေသော Matou မြို့လမ်းများပေါ်တွင် ကယ်ဆယ်ရေးများက ရာဘာ ဖောင်နှင့် လှေများအသုံးပြုကာ ပိတ်မိနေသော လူများကို အထပ်မြင့်အဆောက်အအုံများသို့ ပို့ဆောင်ပေးနေကြသည်။ ရေအမြင့် ဒူးခန့်သာ ရှိသော နေရာများတွင်မူ ကြီးမားသော ပစ္စည်းသယ် forklift များဖြင့် ဒေသခံများကို ရွှေ့ပြောင်းပေးနေသည်ဟု တရုတ် နိုင်ငံပိုင် ရုပ်သံက ပြောကြားသည်။

 

သို့သော် ကယ်ဆယ်အားထုတ်မှုမှာ အခက်အခဲရှိပါသည်။

 

ဒေသတွင်းအစိုးရနှင့် အရေးပေါ်စီမံခန့်ခွဲမှုအရာရှိများက လမ်းပိတ်ဆို့မှုများနှင့် စုစည်း ညှိနှိုင်းဆောင်ရွက်မှု အားနည်းသောကြောင့် အန္တရာယ်ကင်းရှင်းရေး စိုးရိမ်ရသည့်အတွက် အခြားဒေသများမှ ကယ်ဆယ်ရေးအဖွဲ့အသစ်များကို လက်မခံတော့ပါဟု နိုင်ငံတော် ကျောထောက်နောက်ခံပြု မီဒီယာမှ တင်ပြသည်။

 

       နိုင်ငံပိုင်မီဒီယာက တရုတ်နိုင်ငံတစ်ဝှမ်းမှ ကယ်ဆယ်ရေးများသည် Zhuozhou ရေကြီးမှု ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီရန် လျှောက်ထားမှုများ ရှိသော်လည်း မြေပြင်တွင် လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်ချက်ဖြစ်သည့် ဒေသတွင်းအရာရှိများထံမှ ခွင့်ပြုချက် မရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

      တရုတ်သည် အရှေ့တရုတ်ပင်လယ်မှ ဂျပန်သို့ ဝှေ့ပတ်တိုက်ခတ်နေသော မုန်တိုင်းကို ရင်ဆိုင်နေရပြီး တရုတ်၏ Zhejiang နှင့် Fujian ပြည်နယ်များကို သောကြာနေ့တွင် ချဉ်းကပ်လာမည်ဟု ခန့်မှန်းရသည်။

 

ကိုးကား - Reuters

ပုံစာ - ဩဂုတ်လ ၂ ရက်နေ့ ၂၀၂၃ ခုနှစ် ဘေဂျင်းတွင် တိုင်ဖွန်းမုန်တိုင်း Doksuri ၏ အကြွင်းအကျန် မိုးကြီးမှုနှင့် ရေလျှံမှုများကြောင့်ပျက်စီးသွားသော တံတားတစ်စင်း။  (Photo: REUTERS/Tingshu Wang)

 

တရုတ်

Share With
bap-logo