bap-logo
Data

ဘောလခဲ PDF ထံ ရဲ ငါးဦး လက်နက်နှင့်အတူ အလင်းဝင်

yWPvme_yi_hkpai1dosmN-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၂။

 

ကရင်နီပြည်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံသို့ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး၊ ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦး စုစုပေါင်း ငါးဦး CDM ပြုလုပ်ကာ ဝင်ရောက် ခိုလှုံခဲ့ကြောင်းသိရသည်။

 

ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သားသည် G3 တစ်လက်၊ကျည်ဘောက် ခုနှင့် G3 ကျည်ဆံ(.၆၂) ၃၃၀ တောင့်နှင့်အတူ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင်လည်းကောင်း၊ ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦးနှင့် ရဲတပ်သား သုံးဦးတို့သည် Ak -M22 သုံးလက်နှင့် G3တစ်လက်၊Ak-M22 ကျည်ဘောက် ၁၀ ခု၊ Akကျည် ၅၅၀ခန့်၊လက်ပစ်ဗုံး၁၀လုံး၊G3ကျည်ဘောက် ၃ဘောက်၊G3ကျည်ဆံ ၁၀၀ခန့်နှင့်အတူ ယခုလ ရက်တွင်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဘောလခဲ PDF က ထုတ်ပြန်သည်။

 

ထိုသို့ အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။

 

ထိုကဲ့သို့ CDM ပြုလုပ်အလင်းဝင်လိုသော စစ်သား/ရဲတပ်သားများကို ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှကြိုဆိုလက်ခံသွားမည်ဟုလည်း အသိပေးထားသည်။

 

ဓာတ်ပုံ - ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

 

Burma Associated Press

Karenni
military
surrender

Share With
bap-logo