bap-logo
Data

ဆီဆိုင်မြို့မှာ တစ်ရက်အတွင်း လက်နက်ကြီးနဲ့ ဒရုန်းဗုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့

mrUwgA9XnKBPvVosrlH13-image

လွန်ခဲ့သော တစ်နှစ် က

 

မတ် ၉။

 

စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ယမန်နေ့ မတ်လ ရက်က လက်နက်ကြီးနဲ့ဒရုန်းအသုံးပြုပြီး အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်အမျိုးသားလွတ်မြောက်ရေတပ်မတော်(PNLA)က အသိပေး ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီက အသုံးပြုတဲ့ ဗုံးတွေထဲမှာ ဓာတုဗေဒဗုံးတစ်လုံးလည်းပါတယ်လို့ PNLA က ပြောဆိုထားပြီး BAP အနေနဲ့တော့ အခုပြောဆိုမှုအပေါ် သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

 

အခုလိုပစ်ခတ်တိုက်ခိုက်တိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းက အရပ်သားနေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက် စီးခဲ့ရရတယ်လို့ သိရပြီး ဓာတုဗေဒဗုံး နှစ်ရက်ဆက်တိုက် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဓာတ်ငွေ့အဆိပ်သင့်တဲ့ရဲဘော်တွေဟာ နှာခေါင်းသွေးယိုစီးတာ၊ အရေပြားယားယံတာ၊ မူးဝေတာ၊ အသက်ရှူမြန်ဆန်တာ၊ မအီမသာခံစားရတာနဲ့၊ စိတ်လှုပ်ရှားမှု မြန်ဆန်တာ၊ မောပန်းတာနဲ့ အောက်စီဂျင် ကျတာတွေကို ပုံစံတူ ခံစားခဲ့ကြရတယ်လို့ (PNLA)ကအသိပေးထားပါတယ်။

 

စစ်ကောင်စီတပ်ဟာ မတ်လ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကျဲတိုက်ခိုက်တာကြောင့် ဒေသခံတဦးသေဆုံးခဲ့ပြီး နေအိမ် လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ - PNLA

 

Burma Associated Press

Sisai
military
civilian
Artillery
attacked
Houses

Share With
bap-logo