bap-logo
Data

အာဏာသိမ်းမှု ၃ နှစ်အတွင်း ကရင်နီမှာ အသတ်ခံရတဲ့ အရပ်သား ၄၅၇ ဦး ရှိပြီဖြစ်

8sVspgn0YatZw9_sG02hI-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဖေဖော်ဝါရီ ၁။

 

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ အသတ်ခံရတဲ့ အရပ်သား ၄၅၇ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် စစ်ရှောင်ရင်း သေဆုံးသူ ၁၄၉ ဦး ရှိပြီး မတရားဖမ်းဆီးခံရသူ ၁၅၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

 

သုံးနှစ်နီးပါး ကာလအတွင်း ကရင်နီမှာ တိုက်ပွဲ ၉၆၀ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁,၂၀၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

 

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၂,၉၈၆ ဦး ရှိပြီး KNDF/PDF/KA ဘက်က ကျဆုံးသူ ၄၇၇ ဦး ရှိခဲ့တယ်လို့ PKPF က ဆိုပါတယ်။

 

ကရင်နီမှာ ဘာသာရေးအဆောက်အဦ ၄၈ လုံး၊ နေအိမ် ၂,၃၇၅ လုံး၊ ဆေးရုံ၊ ဆေးခန်း ၁၄ လုံးနဲ့ စာသင်ကျောင်း ၂၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သုံးနှစ်အတွင်း ကရင်နီမှာ စစ်ကောင်စီ ယာဥ်တန်း ၆၈ စီး ပျက်စီးခဲ့ပြီး တိုက်လေယာဥ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ပုံစာ - စစ်ကောင်စီလက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် မိုးဗြဲဒေသခံတစ်ဦးနှင့် ကျန်ရစ်သူမိသားစု

Burma Associated Press

Karenni
Killed
Junta
civilian

Share With
bap-logo