bap-logo
Data

အာဏာသိမ်းပြီးမှ ယနေ့အထိ CDM ဝန်ထမ်း ၆ ထောင်နီးပါးကို ကူညီထောက်ပံ့ထား

RrB4TCjZQ6zcXBWikdBsg-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖေါ်ဝါရီ ၈။

 

မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ယနေ့အထိ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင်ပါဝင်သည့် ဝန်ထမ်း ထောင်နီးပါး ( ,၉၅၅ ဦး ) ကို ကူညီထောက်ပံ့ထားသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ထံမှသိရသည်။

 

ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) နှစ်ပြည့်မြောက်သည့်နေ့တွင် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာ ကော်မတီသည် CDM ပြည်သူ့ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသော မိသားစုများအား ကူညီထောက်ပံ့မှုများကို လုပ်ဆောင်လျက်ရှိရာ ကူညီထောက်ပံ့မှုများတွင် ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများ၏ မီးဖွားစရိတ်၊ အရေးပေါ် ဆေးကုသစရိတ်၊ အိမ်ခန်း နေရာရွှေ့ပြောင်းရခြင်း၊ CDM ဝန်ထမ်းကိုသာ မှီခိုနေရ၍ ယခုကာလ အတွင်း စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နေအိမ်မီးရှို့ခံရခြင်းစသည်ဖြင့် အရေးပေါ်ထောက်ပံ့မှု များဟူ၍ ခွဲခြားထားရှိပြီး မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ်အတွက် ပထမ ဦးစားပေး အဖြစ် ထောက်ပံ့ပေးလျက်ရှိ သည်ဟုဆိုသည်။

 

CDM သူရဲကောင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ များဖြစ်သည်နှင့် အညီ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုရှိစေရေး၊ စစ်အာဏာရှင် စနစ်ဆိုး အဆုံးသတ်‌ရေးတို့အတွက် ယနေ့အချိန်အထိ ရဲရင့်စွာ ပါဝင်ကြိုးပမ်းနေကြခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ၊ ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများအတွက် လိုအပ်သည့် အကူအညီ၊ ထောက်ပံ့မှုများ ပံ့ပိုးပေးပါရန် CRPH က ထပ်မံတိုက်တွန်းတောင်းဆိုထားသည်။

 

Burma Associated Press

SAC
CDM
CRPH
coup
NUG

Share With
bap-logo