bap-logo
Politics

ပူးတွဲလေ့ကျင့်ရေးအတွက် ရောက်နေသည့် ရုရှားစစ်ဦးစီးချုပ်နှင့် အာဏာသိမ်း ခေါင်းဆောင်တွေ့

rrnlB2BfQmHMkyOU3QZq3-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၄။

ရုရှား-မြန်မာ ရေတပ်လေ့ကျင့်ရေးအပါအဝင် အလုပ်သဘောခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Adm Nikolai Yevmenov သည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ယနေ့ နေပြည်တော်တွင် တွေ့ခဲ့သည်။

 

ထိုသို့တွေ့ရာတွင် နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်နေသည့် အခြေအနေများ၊ ရေတပ် နှစ်ရပ်အကြား ကာကွယ်ရေး ကိစ္စများ ပူးပေါင်း ဆောင်ရွက်နေမှု၊ ပင်လယ်ရေကြောင်း လုံခြုံရေး အတွက် ပူးပေါင်း လေ့ကျင့်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။

 

သွားရောက်မှုအစီအစဉ်သည် မြန်မာခေါင်းဆောင်ပိုင်း၊ ရေတပ်ဦးစီးချုပ်တို့နှင့် ဆွေးနွေးမှုများ၊ ပထမ အကြိမ် ရုရှား-မြန်မာ ရေတပ်လေ့ကျင့်မှု ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း၊ လေ့ကျင့်မှုတွင် ပါဝင်မည့် စစ်သင်္ဘော များသို့ သွားရောက်ခြင်းတို့ ပါဝင်သည်။ ယဉ်ကျေးမှုအစီအစဉ်များလည်း ခရီးစဉ်တွင် ပါဝင်သည်ဟု The Star သတင်းဌာနတွင် ဖော်ပြ ထားသည်။

 

ရုရှားတို့၏ လာရောက်မှု၏ အရေးအကြီးဆုံး ရည်မှန်းချက်မှာ ရုရှားနှင့် မြန်မာအကြား ရေတပ် ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာအားကောင်း စေရေးဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

Burma Associated Press

Russia
Myanmar
Min Aung Hlaing
SAC

Share With
bap-logo