bap-logo
Politics

ဩစတြေးလျအနေဖြင့် စစ်အုပ်စုကို ပိတ်ဆို့မှုအသစ်ပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်း လေးရာကျော် တောင်းဆို

Fy90gszXGIf9Hku3fkVL4-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ နိုဝင်ဘာ ၄။

 

မြန်မာစစ်အုပ်စုကို ပြင်းထန်သော ဒဏ်ခတ်မှုများ ထပ်မံပြုလုပ်ရန် ဩစတြေးလျကို Myanmar Campaign Network- MCN အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၄၁၄ ဖွဲ့က တောင်းဆိုလိုက်သည်။

 

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ထံ နိုဝင်ဘာ ၂ ရက်က ပေးပို့သော အိတ်ဖွင့်ပေးစာတွင် မြန်မာစစ်တပ်အပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

 

သြစတြေးလျအစိုးရက ယခုနှစ် ဖေဖော်ဝါရီလက စစ်အုပ်စုနှင့် ဆက်စပ် နေသည့် လူပုဂ္ဂိုလ် ၁၆ ဦးနှင့် အဖွဲ့အစည်း ၂ ခုအပေါ် ဒဏ်ခတ်မှုများ ချမှတ်ခဲ့ သော်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့အရေး ယူမှု၏ ၂ ရာခိုင်နှုန်းသာရှိကြောင်း ညွန့်ပေါင်းအဖွဲ့များက မီးမောင်းထိုးပြ ထားသည်။

 

သြစတြေးလျအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်လုပ်ငန်း၊ ပုလဲနှင့် ကျောက်မျက်ကဲ့သို့ စစ်တပ်ပိုင်စီးပွားရေးများကို အဓိကပစ်မှတ် ထားပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အရပ်ဖက်ညွန့်ပေါင်း အဖွဲ့ လေးရာကျော်က အထူးတောင်းဆိုထားသည်။

 

မကြာသေးခင် ရက်ပိုင်းအတွင်းက ချမှတ်ခဲ့သည့် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့၏ ဒဏ်ခတ် ပိတ်ဆို့မှု များသည် စစ်တပ်အပေါ် နိုင်ငံတကာ ဖိအားများ တိုးမြင့်လာနေခြင်းကို သက်သေပြသ နေသည်ဟု အိတ်ဖွင့် ပေးစာတွင် ဖော်ပြထားသည်။

 

လက်ရှိအချိန်ထိ ကနေဒါနိုင်ငံက လူပုဂ္ဂိုလ် ၃၉ ဦးနှင့် အဖွဲ့အစည်း ၂၂ ခု၊ ဥရောပသမဂ္ဂက လူပုဂ္ဂိုလ် ၉၉ ဦးနှင့် အဖွဲ့အစည်း ၁၉ ခု၊ ဗြိတိန်က လူပုဂ္ဂိုလ် ၃၄ ဦး နဲ့ လုပ်ငန်းစု ၂၇ စုတို့ကို အသီးသီးဒဏ်ခတ်ပိတ် ဆို့ထားသည်။

 

ပုံစာ - စစ်ကောင်စီ ကျောက်မျက်ပြပွဲတစ်ခု

 

Burma Associated Press

 

Australia
Myanmar
sanction
Civil society

Share With
bap-logo