bap-logo
Politics

လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများအတွက် UNHCR လက်ထောက်မဟာမင်းကြီး ရန်ကုန်ရောက်နေ

nTALgX6L7PERQ6XPIlVCk-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ နိုဝင်ဘာ ၄။

 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR စီမံအုပ်ချုပ်ရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Raouf Mazou က လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများအတွက် နိုဝင်ဘာ ၄ ရက် ယနေ့ တွင် ရန်ကုန်သို့ ရောက်ရှိလာသည်ဟု UNHCR ထံက သိရသည်။

 

 

ခရီးစဉ်အတွင်း ရခိုင်နှင့် ရိုဟင်ဂျာ အပါအ၀င် ပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသည့် မိသားစုများနှင့် တွေ့ဆုံမည်ဟု ဆိုသည်။

 

 

ယခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံရှိ လူပေါင်း ၁၇.၆ သန်းက အကူအညီ လိုအပ်နေပြီး ၂၀၂၃ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်အတွက် ရန်ပုံငွေ ထောက်ပံ့မှု ၂၈ ရာခိုင်နှုန်းသာ ရရှိထားသည်ဟု သိရသည်။

 

 

မြန်မာပြည်သူများသည် အခြေခံ၀န်ဆောင်မှုများရရှိရန် ကန့်သတ်ခံရနေရပြီး ဆိုင်ကလုန်းမိုခါ၏ ပြင်းထန်သည့် အကျိုးဆက်က အဆိုပါကန့်သတ်မှုများကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။

 

 

Burma Associated Press

 

UNHCR
Raouf Mazou
Yangon
Rohingya
Rakhine

Share With
bap-logo