bap-logo
Politics

စစ်ကောင်စီ ပြည်သူ့စစ်ထံမှ လက်နက်မျိုးစုံ ၈၀ နီးပါး နှင့် သုံ့ပန်း ၄၀ နီးပါး TNLA ဖမ်းဆီးရရှိ

E7FhhRyKgbt320z1Q-JAL-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၄။

 

 

စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်းခဲ့ရာ လက်နက်မျိုးစုံ ၈၀ နီးပါး နှင့် သုံ့ပန်း ၄၀ နီးပါး TNLA ဖမ်းဆီးရရှိခဲ့သည်ဟုဆိုသည်။

 

 

TNLA တပ်မဟာ (၆)စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို ယနေ့ နံနက် ၅ နာရီခွဲ အချိန်တွင် တအာင်း တပ်မတော် PSLF/TNLA မှ ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

 

စခန်းအတွင်း လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံးနှင့် ယာဘဆေးပြား ထုတ်ကြီး ၃၉ ထုတ်ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း TNLA ကဆိုသည်။

 

 

ဂျာယန်ပြည်သူစစ်စခန်းသည် စစ်ကောင်စီက ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုံးထားသည့် စခန်းတစ်ခု ဖြစ်သည်ဟု TNLA ကဆိုသည်။

 

 

ထို့ကဲ့သို့ စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထောက်ပို့လုပ်ငန်းများ မပြုလုပ်ရန် PSLF/TNLA မှ ပထမအကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

 

 

ထို့ကဲ့သို့ သတိပေးခဲ့ပြီး ဖြစ်သော်လည်း ယခုကဲ့သို့ စစ်ကောင်စီနှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် ကာလ၌ စစ်ကောင်စီ၏ နောက်ခံထောက်ပို့ လုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေသည်ကို တွေ့ရှိရသဖြင့် ဂျာယန် စခန်းအား ဝင်ရောက်ရှင်းလင်းရခြင်း ဖြစ်သည်ဟု TNLA က ဖြေရှင်းထား သည်။

 

 

စခန်းဝင်ရောက်ရှင်းလင်းရာတွင် ပြည်သူစစ် တပ်ဖွဲ့ဝင် (၃၈ ) ဦး ဖမ်းဆီးရမိခဲ့ ရာ စခန်းတာဝန်ရှိသူ ဖြစ်သည့် (၁) လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင် (၂) ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ (၃) ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင် (၄) ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့ လေးဦးကို ထိန်းသိမ်းထားပြီး၊ ကျန်တပ်ဖွဲ့ဝင် (၃၄ )ဦး အား နေရပ်သို့ ပြန်လွတ်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ - TNLA သတင်းနှင့်ပြန်ကြားရေး

 

Burma Associated Press

 

Shan
Ta'ang National Liberation Army
militia

Share With
bap-logo