bap-logo
Politics

သိမ်းပိုက်ရရှိခဲ့သည့် ခမ်းပတ်သည် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးဖြစ်သည့် ဒေသဖြစ်သည်ဟု MOD ဆို

izpjwg4kTOZk9qr5fEXGF-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၇။

 

တော်လှန်ရေးပူးပေါင်းတပ်များသိမ်းပိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပတ်မြို့သည် ကချင်လွတ်လပ် ရေး တပ်မတော်-KIA စစ်ဦးချုပ် က စစ်ဒေသမှုုး အဖြစ်တာဝန်ယူထားသည့် စစ်ဒေသဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

 

အမှတ် () စစ်ဒေသသည် C3C အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူး အဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့ များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်သည်ဟု ဆိုသည်။

 

တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်() စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှု အစီအစဥ်ဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေး အဖွဲ့များက ယနေ့ ယနေ့ နိုဝင်ဘာလ ရက် နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ () ရက်မှ စတင်၍ ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေး အတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း () စစ်ဒေသအထူး တပ်ရင်း () အမှတ် စစ်ဒေသ လက်နက်ကြီး အဖွဲ့ ရှေ့တန်းကွပ်ကဲရေး အဖွဲ့ CNDF TDA RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်သည်ဟု MOD ကဆိုသည်။

 

ဓာတ်ပုံ- ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

 

Burma Associated Press

MOD
Sagaing
PDF
KIA

Share With
bap-logo