bap-logo
Politics

ရှမ်းပြည်တွင် ပိတ်မိနေသော ထိုင်းနိုင်ငံ သားများ ကူမင်းမှတဆင့် ပြန်မည်

1b5F52U68xGYyjVe97K-U-image

လွန်ခဲ့သော ၂ နှစ် က

 

မြန်မာစစ်အာဏာရှင်တို့နှင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ပဋိပက္ခများ တိုးမြင့်လာချိန်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၌ ပိတ်မိနေသော ထိုင်းနိုင်ငံသား ၁၆၂ ဦး တရုတ်နိုင်ငံ ကူမင်းမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း ထိုင်း ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ Surachate Hakparn က မနေ့က ပြောကြားသည်။

 

တရုတ်နယ်စပ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့တွင် အခြေအနေများ ပိုမို ဆိုးရွားလာသည့် အတွက် တရုတ်နှင့် မြန်မာအာဏာပိုင်များနှင့် လတ်တလော နှုတ်အားဖြင့် ဆွေးနွေး သဘောတူညီမှုအရ ၎င်းနိုင်ငံသားများ နေရပ်ပြန်ရေးအတွက် ၎င်း(ကူမင်း)လမ်းကြောင်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

 

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲသည် ထိုင်းလူမျိုးများ နေရပ်ပြန်ရေး ဖြေရှင်းရန် ယနေ့တွင် ရန်ကုန်သို့ သွားရောက်ရန် ရှိပြီး ၎င်းပိတ်မိနေသော ထိုင်းလူမျိုးများအနက် ၂၉ ဦးမှာ လူကုန်ကူးသူများ၏ လိမ်ညာပေးရသူများအဖြစ် လုပ်ကိုင်ရန် လှည့်ဖြားခံရသူများဖြစ်သည်။

 

လှည့်ဖြားခံရသူများမှာ တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ကုန်ကူးမှုခံရသူများဖြစ်သည်ဟု Bangkok Post က ဖော်ပြထားသည်။

 

၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုးကန့်မြို့တော် လောက်ကိုင်မြို့သို့ ရောက်ရှိစဉ် သိမ်းဆည်းခံရသည့်တွက် ပဋိပက္ခဖြစ်ပွားရာ နယ်စပ်မြို့မှ ထွက်ခွာ၍ မရနိုင်ကြောင်း ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ပြောကြောင်းလည်း ဖော်ပြထားသည်။

 

၎င်းတို့ကို ကုန်ကူးခဲ့သူများထံမှ လွတ်မြောက်၍ ပုန်းအောင်းနေသော လောက်ကိုင်မြို့ရှိ ဟိုတယ်တစ်ခုအတွင်းမှ စနေနေ့တွင် မြန်မာအာဏာပိုင်များက ကယ်တင်ခဲ့ကြောင်း၊ အောက်တိုဘာလတွင် ကုန်ကူးသူများထံမှ ကယ်တင်ထားသည့် အခြား ထိုင်းလူမျိုး ၁၃၃ ဦးနှင့်အတူ ဒေသတွင်း စစ်စခန်းတစ်ခုတွင် ခိုလှုံနေကြောင်း Bankgkok Post က ဖော်ပြထားသည်။

 

ရန်ကုန်သို့ ရောက်ရှိလျှင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် ထိုင်းလူမျိုးများရှိရာ စစ်စခန်းသို့ သွားရောက်မည် ဖြစ်ကြောင်း၊ သို့သော် ပထမဦးစွာ ထိုင်းလူမျိုးများ နေရပ်ပြန်ရန် အလုံခြုံဆုံးနည်းလမ်းကို မြန်မာအာဏာ ပိုင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

 

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရှိရသည့်အတွက် ထိုင်းနိုင်ငံသားများအနေဖြင့် နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံ ကူမင်းသို့ သွားရောက်ပြီးမှ ကူမင်းမှ လေကြောင်း စီစဉ်ခြင်းသည် ပိုမိုလွယ်ကူလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

 

နိုင်ငံတကာ လူကုန်ကူးမှုဆန့်ကျင်ရေး အဖွဲ့အစည်းတစ်ခုမှ သတင်းရင်းမြစ်တစ်ဦးက ၎င်းထိုင်းနိုင်ငံသား အဖွဲ့ အတွင်းရှိ လူအားလုံး လုံခြုံဘေးကင်းကြောင်း ပြောဆိုသည်။

 

သောကြာနေ့အစောပိုင်းတွင် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ထိုင်းလူမျိုးများကို ကယ်တင်ရန်၊ လုံခြုံသည့်နေရာတွင် ခိုလှုံနိုင်ရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း X တွင် ဖော်ပြထားသည်။

 

၎င်းက နိုင်ငံတော်အဖွဲ့အစည်းများအနေဖြင့် ထိုင်းလူမျိုးများကို အရေးပေါ် ထောက်ပံ့ကူညီပေရန်နှင့် အိမ်သို့ ဘေးကင်းစွာ ပြန်လာနိုင်ရန် လုပ်ဆောင်ကြရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောခွင့်ရ Chai Wacharonke က ပြောကြားခဲ့သည်။

 

ကိုးကား - Bangkok Post

ပုံစာ - ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Surachate Hakparn (Photo: Bangkok Post)

 

 Burma Associated Press

 

Shan
SAC
Ta'ang National Liberation Army
AA
Thailand
MNDAA
Operation 1027
conflict

Share With
bap-logo