bap-logo
Politics

ဂျာယန်ပြည်သူ့စစ်မှ ဖမ်းဆီးထားသည့် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA ကယ်ထုတ်

ip01-7sXcGcrUOma_XKxt-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာတွင်စခန်းချလှုပ်ရှားနေသည့် ဂျာယန်ပြည်သူ့စစ်အဖွဲ့က တအောင်း(ရူစိင်) လူမျိုး ၁၂၇ ဦးကို ပြည်သူ့စစ်စခန်းသို့ အဓမ္မသိမ်းသွင်း ခေါ်ဆောင်ထားသဖြင့် TNLA တပ်က အင်အား ၅၀၀ ကျော် အသုံးပြုပြီး ပြန်လည်ကယ်ထုတ်နိုင်ကြောင်း PSLF/TNLA က ယနေ့ သတင်း ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီ ရက်တွင် တအောင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ က မြန်မာ့စစ်တပ်လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး ပြည်သူ့စစ်လက်ထဲ ရှိနေသည့် တအောင်းလူမျိုးကို ရွေးထုတ်ကယ်ဆယ်နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 

“TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကိုဝင်ရောက်စီးနင်းပြီးကယ်ထုတ်နေချိန်မှာ မြန်မာ့စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးအလုံး ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအပြင် ဂျာယန်ကျေးရွာ အနီးကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဟု ထုတ်ပြန် ရေးသားထားသည်။

 

ပြန်လည်လွှတ်မြောက်လာသည့် တအောင်းလူမျိုးများထဲတွင် အသက် ၁၈ မှ ၆၅ နှစ်ကြား ၁၀၇ ဦး၊ အသက် မပြည့်သေးသည့်ကလေးငယ် ၂၀ ဦးအပါအဝင် အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ပါဝင်ကြောင်းသိရသည်။

 

ယင်းအပြင် မူဆယ်မြို့နှင့်အခြားသောနေရာများရှိ မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပေါင်းစုံထဲတွင် အဓမ္မဖမ်းဆီးခံတအောင်းလူမျိုးများ ရှိနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 

ပုံစာ။ TNLA မှ ကယ်ထုတ်နိုင်ခဲ့သည့် တအောင်းလူမျိုးများကိုတွေ့ရစဉ်။

 

ဓာတ်ပုံ TNLA

 

Burma Associated Press

 

promilitary
arrest
Ta'ang
Civilian
TNLA

Share With
bap-logo