bap-logo
Politics

ငါန်းဇွန်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၉ ဦး သေဆုံး

2Wiuc7ObVScV8f04tPtVO-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငါန်းဇွန် ပကဖနှင့် ပူးပေါင်းအဖွဲ့များမှ မိုင်း၊ လက်နက်ကြီး၊ ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်ပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ဖေဖော်ဝါရီ ရက်၊ နံနက်ပိုင်းက ငါန်းဇွန်မြို့ အရှေ့ဘက်ရှိ မြို့နှင့် မိုင်အကွာ ငွေစင်ကုန်းနှင့် ညောင်ပင်ကြီး ရိုးရွာကြား၊ ငါန်းဇွန်- တံတားဦးသွား ကားလမ်းပေါ်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်၏ ဆိုင်ကယ် စီးကို ငါန်းဇွန်ပကဖနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အင်အား ၁၀ ဦးခန့်ပါသည့် စစ်အုပ်စုကို မိုင်းဆွဲပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ မိနစ် ၂၀ ခန့် ကြာသည့် တိုက်ပွဲအတွင်း စစ်အုပ်စုက ဦးကျပြီး ဦးထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကူ ရောက်လာသည့်အတွက် လက်နက်မကောက်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ ဘီအေပီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

Photo - credit

 

Burma Associated Press

Mandalay
LPDF
mine
Military

Share With
bap-logo