bap-logo
Local News

စစ်တပ်၏ လက်နက်ကြီးရမ်းကားပစ်ခတ်မှု ကြောင့် အဘွားအိုနှင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ

fgaayTF-_aPoEXPz1jh6i-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၂

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် အသက် ၆၀ကျော် အဘွားအိုတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

 

ပစ်ခတ်မှုကို အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီးများပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယမန်နေ့ နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မိနစ် ၃၀ ကြာအောင် ရမ်းကားပစ်ခတ်ခဲ့ပြီး၊ အင်းပတ်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၃လုံး ကျရောက်ကာ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 

" လက်နက်ကြီးကြောင့် အသက် ၆၀ ကျော် အဘွားအိုတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို အသက် ၃၀ ဝန်းကျင် အမျိုးသား ဦးလည်း ပေါင်မှာကျည်ထိမှန်ခဲ့တယ်" ဟု ဒေသခံများက ပြောကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးကဆိုသည်။

 

အင်းပတ်ကျေးရွာသည် ရွာသစ်ကုန်းရှိ ပျူစောထီးခြံနှင့် ပေ ၁၅၀၀ ခန့်သာ ဝေးကွာကြောင်း၊ ယင်းကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူ‌စောထီးများက ကြိမ်တိတိ မီးရှို့ကာ လူနေအိမ် ၂၁၈ လုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့်လည်းကောင်း၊ ပျူစောထီးကျေးရွာနှင့် နီးကပ်သည့်အတွက်လည်း ကောင်း ကျေးရွာရှိပြည်သူများသည် အကြိမ် ၂၀ ထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် အနီးဝန်းကျင်ရှိ ကျေးရွာများအား နေ့စဉ်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။

 

ပုံစာ-စစ်ကောင်စီတပ် ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို တွေ့ရစဉ်။

ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး

 

Burma Associated Press

Sagaing
Military
Khin-U
Pyu Saw Htee
weapons
Civilian
Burned
house

Share With
bap-logo