bap-logo
Local News

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ပုလဲဒေသခံ တစ်သောင်းခန့် စစ်ဘေးရှောင် နေရ

PhkQ9JUX_reUrQ6E0Icv6-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ - ၁၆

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် အနီးအနားက ဒေသခံ တစ်သောင်းခန့် စစ်ရှောင်နေရကြောင်း Pale Entertainmentက ဆိုထားသည်။

 

ယမန်နေ့က စစ်ကောင်စီတပ်သည် ပုလဲမြို့ပေါ်မှ စတင်ပြီး မြို့တောင်ဖက်ရှိ အင်မထီးပျူစောထီး စခန်းဖက်ကို စစ်ကြောင်းထိုးခဲ့ကြောင်း၊ စစ်ကြောင်း အနီးတဝိုက်က ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံတွေ စစ်ရှောင် နေရကြောင်း ဆိုထားသည်။

 

" စစ်ကြောင်းထိုးတော့မယ်ဆိုတာ ကြိုသိထားကတည်းက ပြင်ဆင်ထားရတာပေါ့။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်တော့ မိုင်ပတ်လည်လောက်က ရွာတွေ စစ်ရှောင်ကြရပါတယ် " ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကြောင့် ပုလဲမြို့နယ်ရှိ ရွာသာ၊ လိန်ကုန်း၊ ရွာထင်၊ ကြိုးကြားဥ၊ ကံကြီး၊ ဖိုကုန်း၊ ညောင်ကုန်း၊ မွေ့တုံ၊ ကံပေါက်၊ လှော်ကား၊ နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ အင်ကြင်းစုရွာတို့မှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေခဲ့ကြရကြောင်း သိရသည်။

 

စစ်တပ်၏ ရိက္ခာအတွက် အင်မထီးရွာ ပျူစောထီးများကလည်း အင်ကြင်းစုရွာမှ ပြည်သူပိုင်ပစ္စည်းများကို လှည်းအစီး ၂၀ ဖြင့် သယ်ယူသွားကြောင်း ဆိုထားသည်။

 

Photos- Pale Entertainment

 

Burma Associated Press

Sagaing
Military
Civilian
Refugee

Share With
bap-logo