bap-logo
Local News

ခင်ဦးတွင် အိမ်ခြေ ၇၀၀ ကျော်နှင့် စပါးတင်းထောင်ချီမီးရှို့ခံရ

S9AJHOCAUQUDsN-mCcN5T-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ရွာမှ နေအိမ်အလုံးပေါင်း ၇၀၀ ကျော်နှင့် စပါးတင်း ထောင်ချီအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ကြားရေး အဖွဲ့ထံက သိရသည်။

 

ရေဦးမြို့နယ်ကနေ အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ရက်တွင် ခင်ဦးမြို့နယ် သို့ ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ကျေးရွာ ၁၀ ရွာကို စစ်ကြောင်းထိုးခဲ့ပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

 

ခင်ဦးမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် ချောင်းဆုံကျေးရွာကို ယနေ့အထိ မီးငြှိမ်းသတ် ရကြောင်း၊ ကျေးရွာများကိုစစ်ကြောင်းထိုးရာတွင် နေအိမ်များနှင့် စပါးကျီများပါ မီးရှို့သွားသည့်အပြင် မီးဘေးသင့် ဒေသခံများနေထိုင်ရာ ယာယီတဲများကိုလည်း မီးရှို့သွားကြောင်း သိရသည်။

 

ထို့ပြင် လက်ပံလှကျေးရွာအား မီးရှို့ဖျက်ဆီးစဉ်၌ အသက် ၇၀ နှစ်အရွယ် သီလရှင်တစ်ပါးကို ကျောင်းတိုက် အတွင်းတွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

 

အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မီးရှို့ ဖျက်ဆီးမှုများကြောင့် ကျေးရွာပေါင်း ၆၆ ရွာမှ နေအိမ် ၄,၀၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ပြည်သူ ၁၀,၀၀၀ ကျော် အိုးမဲ့၊ အိမ်မဲ့ဘဝဖြင့် နေထိုင်နေရပြီး ကျဆုံးရဲဘော်နှင့် ပြည်သူ ၂၅၀ နီးပါးရှိကြောင်း သိရသည်။

 

ပုံစာ။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အဆောက်အအုံများ။

ဓာတ်ပုံ ခင်ဦးသတင်းမှန် ပြန်ကြားရေး

 

Burma Associated Press

 

Military
Sagaing
killed
Civilian
house
Refugee
Burned
Khin-U

Share With
bap-logo