bap-logo
Local News

စစ်ကောင်စီ စစ်ကြောင်းထိုး၍ ခင်ဦးရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများထွက်ပြေးနေရ

I3N_FP1chfu_6sMXNQBdO-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် အောင်ချမ်းသာကျေးရွာ (ချမ်းသာကုန်းကျေးရွာ) သို့ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ သေနတ်များရမ်းကားပစ်ခတ်ပြီး ဝင်ရောက်လာသဖြင့် အနီးပတ်ဝန်းကျင်ရှိရွာများ တိမ်းရှောင်‌ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

 

ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချနေထိုင်သည့် စစ်ကောင်စီတပ်နှင့် ရွာသစ်ပျူခြံမှ ပျူစောထီး ၄၀ ဝန်းကျင်သည် အောင်ချမ်းသာကျေးရွာအတွင်း စတင်ဝင်ရောက်နေပြီ ဖြစ်၍အနီးဝန်းကျင်ရှိ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကုန်းသာ၊ မရမ်းအင်း၊ အင်းပတ်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

 

ခင်ဦးမြို့နယ် မြောက်ခြမ်း မဒေါင်းလှပျူစောထီးများ လှုပ်ရှားမှုရှိနေသလို ကန့်ဘလူနယ်သကြားစက် ရောက်ရှိ နေသော စစ်ကောင်စီတပ်များလည်း ပိတောက်ကုန်းကျေး ရွာအနီးရောက်ရှိနေ၍ အနီးဝန်းကျင်ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ ခင်ဦး သတင်းမှန်ပြန်ကြားရေး

 

Burma Associated Press

Sagaing
Khin-U
Military
Civilian
Refugee

Share With
bap-logo