bap-logo
Politics

စစ်ကောင်စီဟာ လူသားချင်းစာနာမှုလုပ်ငန်းစဥ်တွေကို အလွဲသုံးစားလုပ်ဖို့ အမြဲစဥ်းစားနေတယ်လို့ ကုလကို NUG သတိပေး

_ZJZoZ76B5_e2lhs9Umvq-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၂၃။

စစ်ကောင်စီဟာ တရားဝင်မှုရရှိရေးအတွက် လူသားချင်းစာနာမှုလုပ်ငန်းစဥ်တွေကို အလွဲသုံးစားလုပ်ဖို့ အမြဲ စဥ်းစားနေတာကို သတိပြုဖို့ ကုအကြီးအကဲ Mr Martin Griffithsနဲ့ တွေ့ဆုံမှုမှာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က သတိပေးလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်မှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Mr Martin Griffiths နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးမှုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ကုလအဖွဲ့အစည်းတွေဟာ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှုအကူအညီတွေကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချနေမှုကို ထောက်ကူပေးနေတယ်လို့ NUG ဝန်ကြီးတွေက ပြောပါတယ်။

 

ကုလအဖွဲ့အစည်းတွေအနေနဲ့ NUG အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းတွေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ တန်းတူညီမျှမှု ဆက်ဆံရေးကို ကျင့်သုံးသွားဖို့ လိုအပ်တယ်လို့လည်း NUG ဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။

 

ကုလအကြီးအကဲရဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့ ၃ ရက်ကြာ ခရီးစဉ်အပြီးမှာ နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ လူ ၁၈ သန်းဟာ အရေးပေါ်အကူအညီတွေလိုအပ်နေပြီး လူသားချင်းစာနာကူညီမှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ကို တောင်းဆိုထားပါသေးတယ်။

 

ပုံစာ- ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Mr Martin Griffiths

 

Burma Associated Press

NUG
UN
humanitarian assistance
SAC

Share With
bap-logo