bap-logo
Politics

ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ဆက်လက်စုံစမ်းသွားမည်ဟု NUG ဆို

vn2YFW8A_mI5y0X30uvPI-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၂၀။

 

ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရသည့် ထောင်ပြောင်းရွှေ့မှု မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို ဆက်လက်စုံစမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်က ထုတ်ပြန်သည်။

 

မုံရွာအကျဉ်းထောင်မှ မန္တလေးအိုးဘိုထောင်နှင့် မြင်းခြံထောင်သို့ ပြောင်းရန် နိုင်ကျဉ်းများ တင်ဆောင်လာသည့် ကားများ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသူ နိုင်ကျဉ်း ငါးဦးအပြင် အခြား ဒဏ်ရာရသူ ၃၀ ဦးကျော် ရှိသည်ဟု ဆိုသည်။

 

အဆိုပါဖြစ်စဉ်တွင် ကျဆုံးခဲ့ရသည့် ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၃၄ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင်သည် ချင်းတွင်းကျန်းမာရေးကွန်ယက်- CMN အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းရှိ စစ်ရှောင်များကို နယ်လှည့်ဆေးကုသမှု ပေးနေချိန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

 

Burma Associated Press

NUG
Landmine
Political prisoner

Share With
bap-logo