bap-logo
Politics

လက်ခတ်တောင်အနီး သာသနိကအဆောက်အဦကို စစ်ကောင်စီဗုံးကြဲ

zLX4JE4YzkuxtCDRe5_ZB-image

လွန်ခဲ့သော ၂ နှစ် က

ကရင်၊ ဩဂုတ် ၁၈။

 

ကရင်ပြည်နယ် မြဝတီနှင့် ထိုင်းနိုင်ငံ နယ်စပ် လက်ခတ်တောင်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၈ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းကဆိုသည်။

 

 

“နေပြည်တော်လေတပ်မှ Yak-130 (Jet-Fighter) လေယာဉ် ၂ စီး ဖြင့် ၃ကြိမ်တိုင်တိုင် မိမိတို့ နယ်မြေ လုံခြုံရေးယူထားသော နေရာတဝိုက်အား လေယာဉ်ဗုံးကျဲခဲ့ရာ သာသနာပိုင် အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်” ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

 

 

ယနေ့ ထိတွေ့မှုအနေဖြင့် ကရင်ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟုလည်းဆိုသည်။

 

 

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစုံတရာမရှိခဲ့ဟုလည်း သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်ကလည်း လက်ခတ်တောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သည့်အတွက် ဗိုလ်မှူးအပါအဝင် ၁၅ ဦး သေဆုံး ခဲ့သေးသည်။

 

 

အဆိုတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများကိုလည်း ပူးပေါင်းအဖွဲ့က ရရှိခဲ့သည်။

 

 

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

 

Burma Associated Press

Cobra Column
KNU/KNLA
PDF
bombed
SAC

Share With
bap-logo