bap-logo
Politics

မြန်မာစစ်အာဏာရှင် ၂၀၂၆ အာဆီယံဥက္ကဌ တာဝန်ယူမည့် အစီအစဉ်မှ ထုတ်ပယ်ခံရ

p-XayYxN8a7XIKJBWDFbN-image

လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းက အဖွဲ့ဝင်နိုင်ငံများအတွင်း ကွဲလွဲမှုများဖြစ်ပေါ်စေသည့်အတွက် မြန်မာစစ်အာဏာပိုင်တို့ကို ၂၀၂၆ တွင် အာဆီယံအဖွဲ့ဥက္ကဌ အဖြစ်တာဝန်ယူမည့် အစီအစဉ်မှ ထုတ်ပယ်လိုက်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ သံတမန်အရင်းအမြစ်များ အဆိုအရ သိရသည်။

 

အာဆီယံ၏ အဓိက အဖွဲ့ဝင်နိုင်ငံများက စစ်အာဏာရှင်တို့ကို ထိပ်သီးအစည်းအဝေးများနှင့် အခြား အစည်းအဝေးများတွင် ပါဝင်ခွင့် ငြင်းပယ်ထားပြီး နေပြည်တော်မှ ခေါင်းဆောင်ပိုင်းတို့သည် ဥက္ကဌအဖြစ် တာဝန်မယူစေနိုင်ကြောင်း ဆုံးဖြတ်ခြင်းကို သိရှိနားလည်ကြသည်။ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရကို ဖြုတ်ချခဲ့သည် စစ်တပ်သည် အာဆီယံ၏ အကျပ်အတည်း ဖြေရှင်းရေးကို အတိုက်အခံပြုနေခဲ့ခြင်းဖြစ်သည်။

 

အာဆီယံဥက္ကဌအဖြစ် အဖွဲ့ဝင် ၁၀ နိုင်ငံမှ အက္ခရာအစဉ်အတိုင်း အလှည့်ကျ တာဝန်ယူကြခြင်းဖြစ်သည်။ အင်ဒိုနီးရှားက ယခုနှစ် ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ၂၀၂၄ ခုနှစ်တွင် လာအို၊ ၂၀၂၅ ခုနှစ်တွင် မလေးရှားတို့က တာဝန်ယူမည်ဖြစ်သည်။

 

မြန်မာ၏ အလှည့်ကို ကျော်၍ ဖိလစ်ပိုင်က ၂၀၂၆ ခုနှစ် ဥက္ကဌဖြစ်လာမည်ဟု မျှော်လင့်ရသည်။

 

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ စစ်အာဏာရှင်တို့လက်အောက် ၂၀၀၆ ခုနှစ်တွင် ဥက္ကဌတာဝန်ယူရန် အလှည့်ကျခဲ့သည်။ သို့သော် ဥရောပ၊ အမေရိကန်နင့် အခြားနိုင်ငံများ၏ ဆန့်ကျင်မှုကြောင့် ယင်းနှစ်မတိုင်ခင် ဥက္ကဌအဖြစ် တာဝန်ယူမည့်အစီအစဉ်မရှိကြောင်း ကြေငြာခဲ့သည်။

 

မြန်မာနိုင်ငံသည် ပထမဦးဆုံးအကြိမ် ဥက္ကဌတာဝန်ကို ၂၀၁၄ ခုနှစ် တိုတောင်းသော အရပ်သား အုပ်ချုပ်မှု သက်တမ်းအတွင် ရယူခဲ့သည်။

 

ဥက္ကဌတာဝန်ယူသည့် နိုင်ငံသည် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ပြင်ပနိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ပါဝင်သည့် အခြားအစည်းအဝေးများကိုလည်း လက်ခံကျင်းပပေးရလေ့ရှိရာ မြန်မာနိုင်ငံ ဥက္ကဌအဖြစ် တာဝန်ယူပါက သံတမန်ရေးရာ ရှုပ်ထွေးမှုများနှင့် တင်းမာမှုများ မြင့်တက်လာဖွယ်ရှိသည်။

 

၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်အာဏာရှင်နင့် အခြား အာဆီယံအဖွဲ့ဝင်တို့က အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ပါဝင်သူများအားလုံး တွေ့ဆုံညှိနှိုင်းရေးတို့ အပါအဝင် ဘုံသဘောတူညီချက် ငါရပ်ကို သဘောတူညီခဲ့ကြသည်။ သို့ရာတွင် တိုးတက်မှုအနည်းငယ်မျှသာ ရှိခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များနှင့် ဝန်ကြီးများကို အာဆီယံအခမ်းအနားများမှ ဖယ်ထုတ်ခံခဲ့ရသည်။

 

ကိုးကား - Nikkei Asia

 

ပုံစာ - ဂျူလိုင်လက အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပခဲ့သော အရှေ့အာရှ ထိပ်သီးအစည်းအဝေး။ (Photo: Reuters)

 

regime
chairing ASEAN
ASEAN

Share With
bap-logo