bap-logo
Politics

ကိုးကန့်တိုက်ပွဲတွင် စစ်ကောင်စီ စကခမှူး တစ်ဦး သေဆုံးဟု MNDAA အတည်ပြု

VpWI9I9fjDsGC-fdF_3wK-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၇။

 

ကိုးကန့်ဒေသ ရှောက်ကိုင်အုပ်စုတစ်နေရာတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင်း သေဆုံးသူများတွင် စစ်ကောင်စီ စကခ (၁၂)က စစ်ဆင်ရေးအထူးအဖွဲ့မှူး တစ်ဦး ပါဝင်သည်ဟု ကိုးကန့်တပ်-MNDAAက အတည်ပြုသည်။

 

တိုက်ခိုက်မှုကို MNDAA က ဒီဇင်ဘာ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသွားသည့် စကခမှူးနာမည်မှာ အောင်ဇော်လင်းဖြစ်သည်ဟု MNDAA က အသိပေးထားသည်။

 

အဆိုပါ တပ်သားများမှာ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်းနေရာရှိ တပ်စခန်းများကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်နေသူများ ဖြစ်သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့်နှစ်ရက်အတွင်း ရှီရှမ်းဒေသ လောက်ဖောက်လုပ်နေရာတကြောနှင့် ရှင်ဝမ့်ဒေသနှင့် နီးစပ် ကပ်ရပ်ရှိသော မာကြည်ကျိုင့်ရွာတွင် စစ်ကောင်စီ စစ်ပြေး ၃၀ ဦးကျော်ကို ဖမ်းဆီးရရှိခဲ့သေးသည်ဟု သိရသည်။

 

ဒါ့အအပြင် ဒီဇင်ဘာ ရက်က ကိုးကန့်တာရင်တောင်ကို သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၁ ဦးထက်မနည်းကို ဖမ်းမိခဲ့ပြီး ၎င်းတို့ထဲတွင် သက်ကြီးရွယ်အိုအရွယ် ဒဏ်ရာရတပ်သားများလည်း ပါဝင်သည်ဟု MNDAA က ဆိုသည်။

 

Burma Associated Press

Kokang
MNDAA
Military
troops

Share With
bap-logo