bap-logo
Politics

မုံရွာမြို့ မိုးညှင်းသံဗုဒ္ဓေဘုရားဝန်းထဲက စစ်ဘေးရှောင်တွေ ယားနာပေါက်၊ ဆေးဝါးလိုအပ်နေ

ine26FF-0JJr_A7nZypcj-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၆။

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ရှောင်ကလေးအများစု ယားနာတွေ ဖြစ်နေကြပြီး ဆေးဝါးနဲ့ စားစရာတွေ အဓိကလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေး နေသူတွေဆီက သိရပါတယ်။

 

"လောလောဆယ် ယားနာဖြစ်တဲ့ ကလေးအယောက် ၂၀ ရှိတယ်၊ လူကြီးတွေပါ အဖု့အပိန့်တွေ ဖြစ်နေပါတယ်"လို့ စစ်ရှောင်တွေကို ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်ထိ မိုးညှင်းသံဗုဒ္ဓေဘုရားဝန်းထဲမှာ စစ်ဘေးရှောင် ,၅၀၀ ဦးခန့် ရှိနေတယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာလကစပြီး မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပြီး ပြည်သူတွေကို မီးရှို့သတ်ဖြတ်ကာ နေအိမ် တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ- ဒေသခံ

 

Burma Associated Press

Sagaing
refugee
Children

Share With
bap-logo