bap-logo
Politics

ဘားအံမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ရောင်းချနေ

JfL5EFOzhyOHWlu-rwZFs-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၆။

 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဆိုင်တွေမှာ စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချနေတယ်လို့ မြို့ခံတွေက BAP ကို ပြောပါတယ်။

 

အရင်ကဆိုရင် ရန်ကုန်က ပြတ်လည်း မဲဆောက်ကနေဝင်တယ်၊ အခုအာရှလမ်းက ပိတ်နေတော့ အခြေအနေ ဘယ်လို ဖြစ်လာမလဲမသိဘူး၊ ကားတစ်စီးကို နှစ်သောင်းဖိုးပဲ ရောင်းတယ်လို့ ပြောပါ တယ်။

 

ဘားအံမြို့တွင်းက တချို့ဆီဆိုင်တွေက စက်သုံးဆီ ပြတ်လပ်နေလို့ ပိတ်ထားရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

 

ယမန်​​နေ့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စက်သုံးဆီ ရည်ညွန်းဈေးတွေအရ ဘားအံမှာ ၉၂ တစ်လီတာကို ,၅၅၀ ကျပ်၊ ၉၅ တစ်လီတာကို ,၆၈၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာကို ,၂၉၅ ကျပ်ကနေ ,၃၉၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

 

အမှန်တကယ် ပြင်ပပေါက်ဈေးအနေနဲ့ ဘားအံမှာ ဓါတ်ဆီ ၉၂ တစ်လီတာကို ,၉၅၀ ကျပ်နဲ့ ဒီဇယ် တစ်လီတာ ,၁၅၀ အထက်မှာရှိပြီး အချို့ဆိုင်တွေမှာဆိုရောင်းချတဲ့ ဆီစျေးကို သတ်မှတ်ကြေညာတာတွေ မရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။

 

မီးဖိုချောင်သုံး ဂတ်စ်တွေလည်း ဈေးတက်နေတယ်။ အရင်က 4 Kg အိုးကို ၁၃,၅၀၀ ကျပ်ပေး ဖြည့်ရပြီး အခုက ၁၄,၅၀၀ ပေးရတယ်လို့လည်း သူက ပြောပါတယ်။

 

ကော့ကရိတ်မှာ ဒီဇင်ဘာ ရက်စပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဖြစ်တဲ့ အာရှလမ်းမကြီး ပိတ်ဆို့နေပြီး ကုန်တင်ယာဉ် အများအပြားလည်း ပိတ်မိနေပါတယ်။

 

Burma Associated Press

Fuel
Hpa-an
Gasoline

Share With
bap-logo