bap-logo
Politics

တိုက်ပွဲကြောင့် ကော့ကရိတ်တွင် အရပ်သား တစ်ဦး ထပ်မံသေဆုံး

wOQ3Wj7WAKDxSe8ZnF8DT-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၇။

 

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကော့ကရိတ်အနီး တိုက်ပွဲကြောင့် ချောင်းတောင် ရပ်ကွက်မှ လူလတ်ပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟု မြို့ခံတစ်ဦးက BAP ကိုပြောသည်။

 

ယမန်နေ့ ဒီဇင်ဘာ ရက်က ကော့ကရိတ်မြို့ အာရှလမ်းမပေါ်ရှိ ပုလဲဖြူ၊ သင်္ချုင်းကုန်းနှင့် ရေကူးကန်နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လက်ရှိ ကော့ကရိတ်တွင် ညပိုင်း၌ လူငယ်များကို ဖမ်းဆီးမှုများ ရှိနေသည် ဟုလည်း သူက ပြောသည်။

 

စက်သုံးဆီကို တချို့ဆိုင်တွေမှာ တစ်လီတာကို ထောင်ထိ ရောင်းနေကြတာ ရှိတယ်၊ ဆိုင်တွေကတော့ ပိတ်ထားတယ်ဟု သူက ပြောသည်။

 

ဒီဇင်ဘာ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့တွင် အရပ်သား တစ်ဦး၊ မြို့တောင်ပိုင်း ကျေးရွာများတွင် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

 

အာရှလမ်းပေါ်တွင် ကုန်ကားအများအပြား ပိတ်မိနေပြီး ကုန်ကားသမား ၁၀၀ ထက်မနည်းကို တော်လှန်ရေး အဖွဲ့များက ကယ်ထုတ်ထားရသည်။

 

ကော့ကရိတ်အနီးတဝိုက် ကျေးရွာများတွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ လည်း ရက်သတ္တပတ် နီးပါးခန့် ကြာမြင့်နေပြီဖြစ်သည်။

 

ပုံစာ- ဒီဇင်ဘာ ရက်က စစ်ကောင်စီ ဗုံးထိမှန်ခဲ့သည့် နေအိမ်တစ်လုံး

 

Burma Associated Press

Kawkareik
died
Civilian
Airattack

Share With
bap-logo