bap-logo
Data

ခမရ -၁၂၉ တပ်ရင်းတစ်ခုလုံး ညီ​နောင်မဟာမိတ်ထံ အလင်းဝင်

UVDOzH6DljCsPNBcYIHkC-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာလ ၁၄။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံးနှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ညီနောင် မဟာမိတ် () ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်ဟု သိရသည်။

 

ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း) ၎င်းတို့၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် () သိန်းကျပ်စီပေးခဲ့ပြီး သွားလိုရာနေရာများအသီးသီးသို့လည်း လုံခြုံစွာ ပို့ပေးထားခဲ့ပြီးဖြစ်သည်ဟု ညီနောင်မဟာမိတ်များကဆိုသည်။

 

တပ်ဖွဲ့ဝင် (၁၂၆) ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို့၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မြန်မာပြည်သူလူထု တစ်ရပ် လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင် ဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆောင်ချက်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၁) ရက်တွင် ညီနောင်မဟာမိတ် () ဖွဲ့မှ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များပါ မိမိတို့ ညီနောင်မဟာမိတ် () ဖွဲ့မှ တစ်ဆင့် ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက် လာကြသည့်အရေအတွက်မှာ (၂၀၀) ကျော်အထိ ရှိခဲ့ပြီဖြစ်သည်ဟုလည်း သိရသည်။

 

ဓါတ်ပုံ TNLA ပြန်ကြားရေး

 

Burma Associated Press

Shan
Military
troops
surrender
Operation 1027
MNDAA
AA
Ta'ang National Liberation Army

Share With
bap-logo