bap-logo
Data

ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့သည့် NLD ပါတီဝင် ၁၀၁ ဦး ရှိ

2TioC-cQswG4kaRbcPhEz-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၈။

စစ်အုပ်စုက ဖမ်းဆီးထားချိန်အတွင်း သေဆုံးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီဝင် ၁၀၁ ဦး ရှိသည်ဟု NLD က ယနေ့ နိုဝင်ဘာ ရက်တွင် ထုတ်ပြန်သည်။

 

ယနေ့ နိုဝင်ဘာ ရက်သည် NLD ပါတီအနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲ ကျင်းပခဲ့သည့် သုံးနှစ်မြောက် နေ့ဖြစ်သည်။

 

အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံတဝန်း မဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁ နယ် NLDU မဲဆန္ဒနယ် ၉၂၀ တွင် အနိုင်ရရှိခဲ့ပြီး ပြည်သူထောက်ခံမှု ၈၂ ဒသမ ရာခိုင်နှုန်း ရရှိခဲ့သည်။

 

NLD လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) နိုဝင်ဘာ ရက်နေ့အထိ စာရင်းအရ ဖမ်းဆီးခံရသည့် NLD ပါတီဝင်စုစုပေါင်း ,၂၉၀ ဦးရှိရာတွင် ဖမ်းဆီးခံထားရ စဥ်အတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ဦးအပါအဝင် ၁၀၁ ဦးရှိသည်ဟု သိရသည်။

 

ဒါ့အပြင် ပါတီရုံးများ ကျူးကျော်ဝင်ရောက်မှု ၁၆၀ ကြိမ် ရှိပြီး ပါတီဝင် ၄၀၇ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိပ်ပိတ်သိမ်းဆည်းခံရမှုတွင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦး ပါဝင်သည်ဟု ဆိုသည်။

 

NLD စာရင်းများအရ စစ်အုပ်စုက မီးရှို့ဖျက်ဆီးမှု ,၄၉၈ ကြိမ်ကျူးလွန်ခဲ့ပြီး နိုင်ငံတဝှမ်း အရပ်သားနေအိမ် ၆၁,၈၇၁ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူစုစုပေါင်း ,၀၉၅ ဦးရှိရာတွင် ဦးနှင့်အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ ၈၃ ကြိမ်ရှိပြီး၊ ယင်းသတ်ဖြတ်ခံရမှုတွင် အသက်မပြည့်သူ ၇၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉၉၁ ဦးရှိသည်ဟု NLD က ဆိုသည်။

 

အဖမ်းဆီးခံ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသား အားလုံး အမြန်ဆုံးလွတ်မြောက်ရေးနှင့် စစ်အုပ်စုကို နိုင်ငံတကာဥပဒေနှင့်အညီ အရေးယူရေး လုပ်ငန်းများကို ကုလ သမဂ္ဂနှင့် နိုင်ငံတကာက ပိုမိုထိရောက်စွာ ကူညီပေးရန် NLD က တိုက်တွန်းထားသည်။

 

Burma Associated Press

NLD
party
died
Spring Revolution

Share With
bap-logo