bap-logo
Data

ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ရရှိသည့် ကျပ်သန်းကိုးရာကျော် စနစ်တကျစီမံခန့်ခွဲနေဟု NUG ဆို

T3TAsEHoZwEuZ-GVcCiJ7-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၄။

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့သိမ်းတိုက်ပွဲတွင် မြန်မာ့စီးပွားရေးဘဏ်မှ ရရှိထားသည့် ကျပ်ငွေ သန်းပေါင်း ကိုးရာကျော် (၉၅၂.၃၄၃) ကို စနစ်တကျ စီမံခန့်ခွဲနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်သည်။

 

ကောလင်းမြို့ကို အမှတ် () စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

NUG ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံ သိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင် ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲနေသည်ဟုလည်း အသိပေးထားသည်။

 

ဓာတ်ပုံ - ကြားကာလ ဗဟိုဘဏ်

Burma Associated Press

Kawlin
Myanma Economic Bank
NUG
Central Bank of Myanmar-NUG

Share With
bap-logo