bap-logo
Data

၇ စီးမြောက် သံချပ်ကာယာဉ်တစ်စီး၊ တပ်စခန်း ၃ ခု ကို ကိုးကန့်တပ်နှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းယူ

rnwKfOT3eAkZ27E75CzNd-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၇။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးအမှတ် - ၁၀၂၇ ဆင်နွှဲနေသည့် ကိုးကန့်တပ် MNDAA နှင့် မဟာမိတ် တို့သည် ယနေ့ နိုဝင်ဘာလ ရက်တွင် စီးမြောက် သံချပ်ကာယာဉ်တစ်စီး၊ တပ်မမှူး တစ်ယောက်၊ တပ်စခန်း ခု ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်လာသည်။

 

ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည် ကိုးကန့် ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသတွင် ရှိသော စစ်ကောင်စီတပ်စခန်း()ခု ထပ်မံသိမ်းပိုက် နိုင်ခဲ့သည်ဟုဆိုသည်။

 

ယနေ့အချိန်ထိဆိုလျှင် ရှမ်းမြောက်ဒေသတစ်ခွင်တွင် စစ်ကောင်စီ စခန်းကြီး/ ငယ် ၁၁၉ ခုကို သိမ်းယူ နိုင်ခဲ့ပြီး ဖြစ်သည်ဟုလည်း ကိုးကန့်တပ်က ထုတ်ပြန် ထားသည်။

 

စစ်ကောင်စီ၏ မုံးကိုးဗျူဟာကိုလည်း ယနေ့ နေ့လယ်ပိုင်းတွင် ရရှိခဲ့ပြီး သံချပ်ကာယာဉ်တစ်စီးကို ထပ်မံရခဲ့ သည်ဟုဆိုသည်။

 

ထို့ကြောင့် ၁၂ ရက်တာ တိုက်ပွဲအတွင်း ပူးပေါင်းတပ်များက သံချပ်ကာယာဉ် စီးကို ရရှိခဲ့ပြီးဖြစ်သည်။

 

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်မမှူးတစ်ယောက်လည်း လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်ဟု သိရှိရသည်ဟု ဆိုသည်။

 

CDM အရာရှိများ၏ ပြောဆိုချက်များအရ မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင် ကျဆုံးခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ - The Kokang

 

Burma Associated Press

Operation 1027
MNDAA
Shan

Share With
bap-logo