bap-logo
Local News

ပခုက္ကူမြို့နယ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ

mAyoEGpP6rAzMcqCk-LD6-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီနာကာ ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ယာဉ်တန်းလမ်းကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ရက်တွင် မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

 

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီး အထိုင်ချထားသော စစ်ကောင်စီနှင့် ပျူစောထီးများသည် စစ်ဆေးရေး ဂိတ်မှ ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ ငွေကြေးအတင်းဓမ္မကောက်ခံနေသဖြင့် အီနာကာ ၈လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောက်လျှောက် ပြန်လည် ပစ်ခတ်ခဲ့ပြီး၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

 

ယင်းအပြင် ကမ္မမှသရက်ကန်သို့သွားနေသော စစ်ကောင်စီယာဉ်တန်းအပါအဝင် တွင်းမ- သရက်ကန် လမ်းပိုင်း တနေရာတွင် ဖလံကိုင်းမှပြန်လာသောစစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အတွင်းသတင်းအရ ပျူ ၃ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြိုင် .က. အဖွဲ့၏ ထုတ်ပြန်ချက်အရ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ နှင့် - ဂဠုန်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ YSO Urban Revoluiton Force အဖွဲ့တို့အပါအဝင် Black Cobra နှင့် Black Cheetah တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

Burma Associated Press

Magway
PDF
Bombed
mine
Military
Check point

Share With
bap-logo