bap-logo
Local News

နောင်ချိုမြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံး

8P0MU9urTv0Chz2Oo-sE9-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ - ၁၂

 

ပြီးခဲ့သည့် သောကြာနေ့က ရှမ်းပြည်နယ် နောင်ချိုမြို့အနီးဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် စစ်တပ်တို့အကြားက တိုက်ပွဲတွင် PDF ဖက်မှ ဦးကျဆုံးပြီး စစ်တပ်ဘက်က ၂၅ ဦး သေဆုံးခဲ့ကြောင်း MDY- PDF က ထုတ်ပြန်ထားသည်။

 

၆နာရီကြာမြင့်သည့်အဆိုပါ တိုက်ပွဲအတွင်း MDY- PDF မှ ရဲဘော်ဖိုးဝ နှင့် ရဲဘော်စစ်နိုင် ကျဆုံးခဲ့ကြောင်း၊ စစ်အုပ်စုဖက်မှ ၂၅ ဦး (မျက်မြင်အတည်ပြု) သေဆုံးခဲ့သလို၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိကြောင်း သိရသည်။

 

စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် များ အသုံးပြုခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်ကလည်း စစ်အုပ်စု ထိုးစစ်ကို ခုခံ တွန်းလှန်နိုင်ခဲ့ပြီး စစ်တပ်၏ လက်နက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

 

အထက်ပါအချက်အလက်များနှင့်ပတ်သက်ပြီး ဘီအေပီက အတည်ပြုနိုင်ခြင်း မရှိသေးပါ။

 

Photo - Voice of Mandalay PDF

 

Burma Associated Press

Shan
PDF
Military
Nawnghkio

Share With
bap-logo