bap-logo
International

ယူကရိန်းပဋိပက္ခအဆုံးသတ်‌ရေး တရုတ်၏ အဆိုပြုချက်ကို လက်ခံဆွေးနွေးမည်ဟု ပူတင်ပြော

CcMXXi9i-jdFl-y7YG_hf-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၁ 

 

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က သူ့အနေဖြင့် ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် တရုတ်၏အစီအစဉ်ကို လက်ခံဆွေးနွေးရန် အသင့်ရှိကြောင်း ရှီကျင်းပင်၏ သုံးရက်ကြာ မော်စကို ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။ 

 

 

"စိုးရိမ်စရာကောင်းတဲ့ ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်လိုတဲ့ မိတ်ဆွေကြီးရဲ့ အဆိုပြု ချက်ကို ကျွန်တော်တို့ အသေအချာ လေ့လာထားပါတယ်။ မိတ်ဆွေကြီးရဲ့ အဆိုပြုချက်အပါအဝင် ဒီကိစ္စတွေအားလုံးကို ကျွန်တော်တို့ လေးလေးစားစား ဆွေးနွေးသွားမှာပါ"ဟု သမ္မတပူတင်က တရုတ်သမ္မတကို ပြောကြားခဲ့သည်။ 

 

 

မော်စကိုခရီးစဥ်သည် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ကြိုးပမ်းဖွယ်ရှိသည့် သမ္မတရှီကျင်းပင် အတွက် ရည်မှန်းချက်အကြီးမားဆုံး ကြိုးပမ်းချက်တစ်ခုဖြစ်သည်။ ကိဗ်ယက်အစိုးရကမူ ပေကျင်း၏ အစီအစဉ်ကို အထူးတလည်တုံ့ပြန်မှုမရှိဘဲ စောင့်ကြည့်လျှက်ရှိပြီး အမေရိကန်နှင့် မဟာမိတ်များက ပြတ်ပြတ်သားသား ပယ်ချထားသည်။ 

 

 

မော်စကိုတွင် ပူတင်နှင့်တွေ့ဆုံမှုအပြီး ရှီကျင်းပင်သည် ယူကရိန်းသမ္မတ ဗလော်ဒီမာဇလန်းစကီးနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံစကားပြောရန် စီစဉ်ထားကြောင်း သိရသည်။ 

 

 

မော်စကိုတွေ့ဆုံမှုအတွင်း ပူတင်နှင့် ရှီကျင်းပင်နှစ်ဦးလုံးက "ကျူးကျော်စစ်" ဆိုသည့် စကားလုံးကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ 

 

 

"တရုတ်က ရုရှားနဲ့ဆက်ဆံရေးကို အလွန်တန်ဖိုးထားပါတယ်။ တရုတ်သမ္မတအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ရုရှားသို့ လာရောက်ခွင့်ရတာ ဝမ်းမြောက်ပါတယ်" ဟု ရှီကျင်းပင်က ပြောကြားခဲ့သည်။ 

 

 

ထို့အပြင် မစ္စတာပူတင်အနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုအများဆုံးရမည်ဟု ယုံကြည်ကြောင်းလည်း တရုတ်သမ္မတက ပြောကြားခဲ့သည်။ ရှီကျင်းပင်၏ စကားကြောင့် ငါးကြိမ် မြောက် သမ္မတရာထူးအတွက် ၂၀၂၄ ‌ရွေးကောက်ပွဲဝင်ပြိုင် မပြိုင်ပင် မကြေညာရသေးသည့် ပူတင် မရိုးမရွဖြစ်သွားခဲ့သည်။ 

 

 

သမ္မတပူတင်ဘက်မှကြည့်ပါက သမ္မတရှီကျင်းပင်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အသေ အပျောက် အပျက်အစီးအများဆုံးစစ်ပွဲတစ်ခုဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေ‌ဖော်ဝါရီ ၂၄ ရုရှား ကျူး‌ကျော်စစ် နောက်ပိုင်း ရုရှားလို့လာရောက်လည်ပတ်သည့် အထင်ကရ နိုင်ငံတကာ ခေါင်းဆောင် တစ်ဦးဖြစ်သည်။  

 

ရှီကျင်းပင်သည် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က စစ်ရာဇဝတ်မှုများဖြင့် ရုရှားသမ္မတကို ဖမ်းဝရမ်းထုတ်ပြီး  ရပ်ပိုင်းအကြာတွင် သွားရောက်လည်ပတ်ခြင်းဖြစ်သည်။ ICC ၏ ဝရမ်းကို ရုရှားကပယ်ချထားသလို တရုတ်ကလည်း အိုင်စီစီအနေဖြင့် နိုင်ငံရေးအတွက်အသုံးချမှုကို ရှောင်ရှားရန် တနင်္လာနေ့က တောင်းဆိုခဲ့သည်။ 

 

 

Source – The Straits Times/ပုံ - တရုတ်-ရုရှားသမ္မတနှစ်ဦး ကရင်မလင်တွင် တွေ့ဆုံစဉ်။ 

 

Burma Associated Press

 

 

China
Vladimir Putin
Xi Jinping
Russia

Share With
bap-logo