bap-logo
International

ရုရှားက ဆော်ဒီကိုကျော်တက်ပြီး တရုတ်သို့ ရေနံအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်လာ

W4wmpipyvNZUiNKYaWtKU-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၀

ရုရှားကျူးကျော်စစ်ကြောင့် ရုရှားရေနံဈေး ကန့်သတ်ခံရပြီးနောက် ရုရှားသည် တရုတ်သို့ ရေနံအများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံအဖြစ် ၂၀၂၃ ပထမနှစ်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံကို ကျော်တက်သွားပြီ ဖြစ်ကြောင်း တရုတ်အစိုးရအချက်အလက်များက ဖော်ပြသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ရုရှားဆီမှ တရုတ်ဝယ်ယူသည့် စုစုပေါင်း‌ရေနံတန်ချိန် ၁၅ ဒဿမ ၆၈ သန်း (တစ်ရက်လျှင် ဒဿမ ၉၄ သန်း စည်) ရှိပြီး ၂၀၂၂ ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၃ ဒဿမ ရာခိုင်နှုန်း မြင့်တက်လာ‌ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာနက ယနေ့ထုတ်ပြန်သည့်အချက်အလက်များ အရ သိရသည်။

 

ရုရှားသည် ယမန်နှစ်က တရုတ်နိုင်သို့ ဒုတိယ ရေနံအများဆုံးရောင်းချသည့်နိုင်ငံဖြစ်ပြီး ရေနံတန်ချိန် ၈၆ ဒဿမ သန်း တင်ပို့ခဲ့သည်။

 

နှစ်လတာ ကာလအတွင်း ဆော်ဒီအာရေဗျမှ တရုတ်တင်သွင်းခဲ့သည့် ရေနံပမာဏမှာ တန်ချိန် ၁၃ ဒဿမ ၉၂ သန်း ရှိသည်။

 

ဆော်ဒီအာရေဗျသည် တရုတ်သို့ ၂၀၂၂ ခုနှစ်အတွင်း တရုတ်သို့ ရေနံအများဆုံးတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး တန်ချိန် ၈၇ ဒဿမ ၄၉ သန်း (တစ်ရက်လျှင် ဒဿမ ၇၅ သန်း စည်) ရောင်းချခဲ့သည်။

 

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးနောက် ရေကြောင်းမှတင်ပို့သည့် ရုရှားရေနံကို အနောက် နိုင်ငံများက ဈေးနှုန်းကန့်သတ်လိုက်ပြီးနောက် ‌‌ရုရှားရေနံကို နိုင်ငံတကာစံနှုန်းအောက် များစွာလျှော့နည်းသော လျှော့ဈေးဖြင့် စတင်ရောင်းချခဲ့ရသည်။

 

တရုတ်ရေနံသန့်စင်စက်ရုံများသည် အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှား ရန် ရေနံတင်ပို့မှုနှင့် အာမခံကို ကြားခံကုမ္ပဏီများအား ကိုင်တွယ်စေသည်။

 

အကောက်အခွန်အချက်အလက်များအရ အဆိုပါကာလအတွင်းမလေးရှားမှ တဆင့်တင်သွင်းသည့်ရေနံပမာဏ တစ်ရက်လျှင် သုည ဒဿမ ၆၅ သန်း စည်ရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၄၄ ဒဿမ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။

 

မလေးရှားနိုင်ငံကို အီရန်နှင့် ဗင်နီဇွဲလားတို့မှ ပိတ်ဆို့အရေးယူခံထားရသော ကုန်စည်များအတွက် ကြားခံ တင်ပို့သည့်နိုင်ငံအဖြစ် အသုံးပြုလေ့ရှိကြောင်း သိရသည်။

Source/ပုံ – Al Jazeera

Burma Associated Press

Russia
China
Fuel

Share With
bap-logo