bap-logo
Data

တရားမဝင်တရုတ်နိုင်ငံသား တစ်သောင်းနီးပါးကို ပြန်လည်လွှဲပေးပြီးဖြစ်

6stGracZh6YqIkk_MGP6v-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၉။

 

မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားပေါင်း ၉,၉၀၈ ဦးကို တရုတ်အစိုးရ တာဝန်ရှိသူများထံ ပြန်လည်လွှဲပေးပြီး ဖြစ်ကြောင်း စစ်ကောင်စီသတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်က တရုတ်နိုင်ငံသား အမျိုးသား ၅၁၁ ဦးနှင့် အမျိုးသမီး ၂၀၃ ဦး စုစုပေါင်း ၇၁၄ ဦးကို လွှဲပြောင်းပေးခဲ့သည်ဟုလည်း ဆိုသည်။

 

ယခုနှစ် ဩဂုတ်လတွင် တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန်မာတို့သည် ပူးတွဲ ရဲစစ်ဆင်ရေးစင်တာတစ်ခု တည်ထောင်ပြီး ဒေသတွင်း အလိမ်အညာလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းရန် သဘောတူခဲ့ကြသည်ဟု AP သတင်းဌာနက ဖော်ပြထားသည်။

 

ကမ္ဘောဒီးယားက အွန်လိုင်း လောင်းကစားဝိုင်းများနှင့် တရားမဝင် ကာစီနိုများကို ၂၀၁၉ ခုနှစ်တွင် ဖြိုခွင်း ပြီးနောက် တရုတ်ကျားဖြန့်ဂိုဏ်းအဖွဲ့အများအပြားက ရဲလုပ်ငန်းအားနည်းသည့် မြန်မာသို့ ပြောင်းရွှေ့ ခဲ့ကြသည်ဟုလည်း ဆိုသည်။

 

Burma Associated Press

Myanmar
china
telecoms fraud
Police

Share With
bap-logo