bap-logo
Data

CDM တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကို ကူညီပေးထားဟု NUG ဘက်က ထုတ်ပြန်

ItIONelMGpqs0F5siP1ey-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၁။

 

စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ခိုလှုံလာသည့် CDM တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကို ကူညီပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ်အကောင်အထည်ဖော်မှုကော်မတီက ထုတ်ပြန်သည်။

 

ဒါ့အပြင် ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်သည့် ယခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ယနေ့ချိန်အထိ ကော်မတီသို့ ဆက်သွယ်ပြီး စစ်ကောင်စီ တပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဦးရေ (၃၄) ဦး ခိုလှုံခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ (၃၄) ဦးတွင် ဗိုလ်ကြီး() ဦး၊ အရာရှိ() ဦး၊ တပ်ကြပ်ကြီး() ဦး၊ တပ်ကြပ် () ဦး၊ ဒုတပ်ကြပ် () ဦး၊ ရဲဘော် (၁၉) ဦး၊ ရထားရဲ () ဦးတို့ပါဝင်ပြီး ထိုထဲက (၂၂) ဦးကို လုံခြုံရာ ပို့ဆောင်ပြီးဖြစ်ကာ (၁၂) ဦးကို စီစဉ်ဆောင်ရွက်ဆဲ ဖြစ်သည်ဟု အသိပေးထားသည်။

 

ပြည်သူ့ဘက်ခိုလှုံလာသည့် တပ်/ရဲ တပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းအနေဖြင့် MA-1 () လက်၊ ၉မမ ပစ္စတို () လက်၊ MA-4 () လက်၊ ၄၀မမ ဗုံးသီး () လုံး၊ လက်ပစ်ဗုံး() လုံးနှင့် .၅၆ နှင့် .၆၂ ကျည် ,၀၀၀ နီးပါး ယူဆောင်ခဲ့သည်ဟု ဆိုသည်။

 

ဒါ့အပြင် ထွက်ခွာလာနိုင်ခြင်းမရှိသေးပဲ Pre CDM (ဖရဲသီး) အဖြစ် အတွင်းမှနေ၍ သတင်း အချက်အလက်များ ပေးပို့သူ ဦး ထပ်မံ ပူးပေါင်းလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

 

Burma Associated Press

troops
Police
Military
NUG
CDM

Share With
bap-logo