bap-logo
Data

နမ့်ဆန်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ တန်းကျောင်းသူ တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

NLDAP3ZMc1J2Y4qX653Je-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၁။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော်တပ်မဟာ () စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ၁၂ နာရီဝန်းကျင် အချိန် တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် အုမ်းစွမ်ရွာမှ တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး ()ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထံမှသိရသည်။

 

ယမန်နေ့ ညသန်းခေါင်အချိန်တွင် နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက် ကြီးများ ဆက်တိုက် ပစ်ခတ်ခဲ့ရာ အုမ်းစွမ်ကျေးရွာအတွင်း သုံးလုံးကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၁၄)နှစ်အရွယ် တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်အား ထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ထို့အပြင် လက်နက်ကြီးစထိမှန်မှုကြောင့် လွေးမော်မော်စန်း အသက် (၁၄)နှစ်၊ မိုင်းရဲလင်းနောင် အသက် (၁၈)နှစ်၊ ယာမြညွန့် အသက် (၄၈)နှစ် နှင့် တာထွန်းလှ အသက် (၅၀) တို့အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ဖော်ပြထားသည်။

 

ယမန်နေ့ နေ့လည်အချိန်တွင်လည်း စစ်ကောင်စီတပ်၏ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနှင့် ကျောက်မဲမြို့ တပ် စခန်းမှနေ၍ မြို့သစ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် (၃၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

 

ဓာတ်ပုံ- TNLA သတင်းနှင့်ပြန်ကြားရေး

 

Burma Associated Press

Shan
Military
Civilian
Ta'ang National Liberation Army

Share With
bap-logo