bap-logo
Data

လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် မိသားစုဝင် ၂၀၀ ကျော် ဘေးကင်းစွာရှိန

uaPVyKrnqmTw_hpF5tnyu-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၀

 

လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် ဆရာ ဆရာမများနှင့် မိသားစုဝင် ၂၀၀ (၂၀၄ ဦး) ကျော် လုံခြုံဘေးကင်းစွာရှိနေသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက အသိပေးလာသည်။

 

၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်က လွိုင်ကော် တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများနှင့် မိသားစု ဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်သည်ဟု KNDF ကဆိုသည်။

 

စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာ ခြင်းကြောင့် လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီး ကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ ဘေးကင်းရာသို့ တော်လှန်ရေးတပ်ဖွဲ့များက အရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

 

အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာ ထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက် လုပ်ဆောင်ပေးလျှက်ရှိသည်ဟု အသိပေးထားသည်။

 

ဓာတ်ပုံ - KNDF

 

Burma Associated Press

Loikaw
University
teacher
KNDF

Share With
bap-logo