bap-logo
Politics

NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ဆွေးနွေးပွဲ ထိုင်းလွှတ်တော် ကျင်းပ

-LmHOV9YMWjvOA3uy_vUa-image

လွန်ခဲ့သော တစ်နှစ် က

 

စစ်အာဏာရှင်ကန့်ကွက်သည့်အကြားမှ မြန်မာနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ စစ်အာဏာရှင်၏ အတိုက်အခံများ ပါဝင်သော အစည်းအဝေးတစ်ခု ထိုင်းလွှတ်တော်က စနေနေ့တွင် စတင်ပြုလုပ်ခဲ့သည်။

 

ကျွန်တော်တို့ ဒီနေ့ လုပ်ဆောင်ခဲ့တာကတော့ ကွဲပြားစုံလင်တဲ့ သက်ဆိုင်သူများ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆွေးနွေးရေးအတွက် ပထမခြေလှမ်း ဖြစ်ပါတယ်။ဟု နှစ်ရက်ကြာ တွေ့ဆုံမှု အခမ်းအနားကို စီစဉ်ခဲ့သည့် အောက်လွှတ်တော်ကော်မတီ အကြီးအကဲ Rangsiman Rome က ပြောသည်။ "ငြိမ်းချမ်းပြီး တာရှည်ခိုင်မြဲတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေ ဖြေရှင်းချက်အတွက် လမ်းခင်းပေးနိုင်ပါလိမ့်မယ်။”

 

ဆွေးနွေးပြောကြားသူများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အကြီးတန်း တာဝန်ရှိသူများပါဝင်သော်လည်း စစ်အုပ်ချုပ်ရေးဘက်မှ ကိုယ်စားလှယ် မပါဝင်ပေ။

 

Reuters မှ တွေ့မြင်ခဲ့ရသည့် စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ စာတစ်စောင်တွင် အစည်းအဝေး လက်ခံကျင်းပသည့် လွှတ်တော်ကို "ပြင်းထန်စွာ ကန့်ကွက်ကြောင်း”၊ ၎င်းအစည်းအဝေးက နှစ်နိုင်ငံဆက်ဆံရေးအတွက် "အနှုတ်သဘောဆောင်သော သက်ရောက်မှုများ ဖန်တီးပေးကြောင်း” ဖော်ပြထားသည်။ ၎င်းစာတွင် ထိုင်းအစိုးရအနေဖြင့် လွှတ်တော်အား "လက်ရှိ ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို အဟန့်အတားဖြစ်စေသော မည်သည့် လှုပ်ရှားမှုမဆို” တားမြစ်ပေးရန် တောင်းဆိုထားသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က မိန့်ခွန်းပြောကြားရန် စီစဉ်ထားသော်လည်း နောက်ဆုံးအချိန်တွင် ရှင်းလင်းဖော်ပြခြင်းမရှိဘဲ အစီအစဉ် ပယ်ဖျက်ခဲ့သည်။

 

မြန်မာစစ်အာဏာရှင် ပြောခွင့်ရသူကို မှတ်ချက်ပေးရန် ခေါ်ဆိုသော်လည်း တုန့်ပြန်ခြင်း မရှိခဲ့ပေ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

ထိုင်းနိုင်ငံသည် စစ်ဖြစ်နေသည့် အစုအဖွဲ့များအကြား ဆွေးနွေးပြောဆိုနိုင်ရန် လမ်းခင်းပေးနိုင်မည့် မြန်မာစစ်တပ်၊ အခြားအစုအဖွဲ့များနှင့် လူသားချင်းစာနာမှုစီမံကိန်းများ ဦးဆောင်ပြုလုပ်လိုသည်ဟု ပြောဆိုထားသည်။

 

အာဏာသိမ်းအပြီး သုံးနှစ်အကြာ” ဆွေးနွေးပွဲသည် စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံလိုသည့် ထိုင်းအစိုးရ၏ လိုလားချက်နှင့် ကွဲလွဲနေသည်ဟု Thammasat တက္ကသိုလ်မှ အရှေ့တောင်အာရှ လေ့လာသူ Dulyapak Preecharush က ပြောသည်။

 

လွှတ်တော် ကော်မတီရဲ့ စင်္ကြံက ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေအတွက် နေရာပိုမို ချဲ့ထွင်ဖွင့်လှစ်ပေးခဲ့တယ်။” ဟု Dulyapak က ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - ဂျူလိုင်လ ၁၂ ရက် ၂၀၂၂ ခုနှစ် ရုရှားနိုင်ငံ မော်စကိုမြို့တွင် Roscosmos ညွှန်ကြားရေးမှူးချုပ် Dmitry Rogozin နှင့် အစည်းအဝေးပြုလုပ်နေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo: Roscosmos/Handout via REUTERS/ FILE PHOTO)

 

 Burma Associated Press

Thailand
NUG
Parliament
Myanmar
coup
SAC

Share With
bap-logo