bap-logo
Politics

ကမ္ဘာကြီး လုံခြုံမှုလျော့နည်းလာဟု ကုလအထွေထွေအတွင်းရေးမှူး သတိပေး

bCw362HJ47bIyIcKsp42H-image

လွန်ခဲ့သော တစ်နှစ် က

ကွန်ဂို၊ ဂါဇာ၊ မြန်မာ၊ ယူကရိန်းနှင့် ဆူဒန်ကဲ့သို့သော နိုင်ငံများမှ တိုက်ပွဲများက နိုင်ငံတကာဥပဒေများကို "မျက်ကွယ်ပြု" ထားကြသည့်အတွက် ကမ္ဘာအဝှမ်း လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုအလေးထားကြရန် ကုသမဂ္ဂအထွေထွေ အတင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မေတ္တာရပ်ခံလိုက်သည်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ထိပ်သီးကော်မတီ အစည်းအဝေး နောက်ဆုံးကဏ္ဍတွင် မိန့်ခွန်းပြောကြားရာတွင် ဂူတာရက်စ်က ကမ္ဘာကြီး "ဘေးကင်းလုံခြုံမှု လျော့နည်းလာကြောင်း” သတိပေးခဲ့ခြင်းဖြစ်သည်။

 

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက မတည်ငြိမ်တဲ့ နှုန်းနဲ့ ပြောင်းလဲနေပါတယ်။” ဟု လူ့အခွင့်အရေး ကောင်စီကို ပြောကြားခဲ့သည်။ "ပဋိပက္ခတွေ တိုးပွားလာခြင်းက ဆင်းရဲဒုက္ခတွေ မကြုံစဖူး ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးက တစ်သမတ်တည်းပဲ။”

 

ကုလအကြီးအကဲက လူ့အခွင့်အရေးပေါ် ပုံစံမျိုးစုံဖြင့် တိုက်ခိုက်နေကြောင်း၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ ကြွေးမြီများကို လျော့ချပေးရန် ၎င်း၏ တောင်းဆိုချက်ကို ထပ်လောင်း တောင်းဆိုခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွက် ပိုမို သုံးစွဲကြရန် ပြောသည်။ ၎င်းက ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNRWA အတွက် ဂါဇာမှ ကူညီထောက်ပံ့ရေး အားထုတ်မှု "ပင်မကျောရိုး"အဖြစ် ခုခံပြောဆိုခဲ့သည်။ အစ္စရေး ထိပ်တန်းအာဏာပိုင်များက ၎င်းအေဂျင်စီကို ဖျက်သိမ်းရန် တောင်းဆိုထားသည်။

 

ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Volker Türk ကလည်း ကုလသမဂ္ဂ၊ ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့များ၏ "တရားဝင်မှုနှင့် လုပ်ဆောင်မှုကို ချေဖျက်ရန် အားထုတ်မှု” ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

 

ကုလသမဂ္ဂဟာ အခြယ်လှယ်ခံ ဝါဒဖြန့်မှုတွေအတွက် အသုံးချစရာ၊ မူဝါဒမှားယွင်းလွဲချော်မှုများအတွက် ခုတုံးလုပ်စရာ ဖြစ်လာတယ်။” ဟု ၎င်းက ပြောသည်။ "ဒါက အများကောင်းကျိုးကို အကြီးအကျယ် ဖျက်ဆီးလာပါတယ်။ ပြီးတော့ ဒါက မှီခိုနေရတဲ့ လူပေါင်းများစွာရဲ့ ဘဝတွေကို သက်ညှာခြင်းမရှိ သစ္စာဖောက်ဖျက်တာပဲ ဖြစ်ပါတယ်။”

 

ကောင်စီသည် ခြောက်ပတ်အကြာ အစည်းအဝေးများကို များပြားသော လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများဖြင့် တနင်္လာနေ့တွင် စတင်လိုက်သည်။ ယခုလအတွင်း ကုသမဂ္ဂ အမြဲတမ်းလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ရုရှားမှ သမ္မတ ပူတင်၏ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရသည့် အတိုက်အခံခေါင်းဆောင် Alexei Navalny သေဆုံးမှုသည် လူအများ၏ စိတ်တွင် ရှိနေမည်ဖြစ်သည်။

 

ကိုးကား - AP

 

ပုံစာ - ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၄ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမ္ဂ ဥရောရုံးချုပ်တွင် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှ အဆင့်မြင့်ကဏ္ဍဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်။ (Photo: Salvatore Di Nolfi/Keystone via AP)

 

un secretary general
Ukraine
Myanmar
António Guterres
Gaza,

Share With
bap-logo