bap-logo
Data

ကေအဲန်ယူ၊ တပ်မဟာ ၃ တွင် ဇွန်လအတွင်းက ပြည်သူ ငါးဦး အကြောင်းမဲ့ သတ်ဖြတ်ခံရ

zbknsolu4k2PNBLK0mZn0-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၁၁။

 

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃၊ ခလယ်လွီထူခရိုင်တွင် ဇွန်လအတွင်းက ပြည်သူ ငါးဦး အကြောင်းမဲ့ သတ်ဖြတ်ခံခဲ့ရသည်ဟု ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်သည်။

 

ဇွန်လအတွင်း စစ်ကောင်စီက ပြည်သူ ၂၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ကာ သုံးဦးကို အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

ခလယ်လွီထူခရိုင်တွင် ဖြစ်ပွားခဲ့သော ဇွန်လတာ နှစ်ဖက်တိုက်ပွဲများအတွင်း တိုက်ပွဲများ အတွင်း ပြည်သူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

 

ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ ခုနစ်ဦးအနက် လေးဦးမှာ နင်းမိုင်းဖြင့် ဒဏ်ရာရရှိကြပြီး သုံးဦးမှာ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။

 

ကေအဲန်ယူ၏ စာရင်းများအရ တစ်လအတွင်း စစ်ကောင်စီက ခလယ်လွီထူခရိုင်တွင် လက်နက်ကြီး ၂၉၉ လုံး ပစ်ခတ်ခဲ့၍ နေအိမ် ၁၇ လုံး ပျက်စီးခဲ့ရပြီး ၁၈ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသား နှစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဒါ့အပြင် စစ်ကောင်စီက ဇွန်လအတွင်း နေအိမ် ၄၄ လုံးအပြင် ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

 

ပုံစာ- ယခုလအတွင်းက စစ်ကောင်စီ လက်နက်ကြီးထိမှန်ခဲ့သည့် ခလယ်လွီထူခရိုင်ရှိ ကလေးငယ် တစ်ဦး

ဓာတ်ပုံ- ကေအဲန်ယူ

 

Burma Associated Press

KNU
civilian

Share With
bap-logo