bap-logo
Data

ကရင်နီတွင် တစ်လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံး၊ စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိဟု KNDF ဆို

OkOZBrurM_BVWuH39JEiy-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၅။

ကရင်နီ(ကယား)ပြည်နယ်တွင် ယခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေး တပ်-KNDF က ထုတ်ပြန်သည်။

 

တစ်လအတွင်း ကရင်နီတွင် တိုက်ပွဲ ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး KNDF ပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

 

စစ်ကောင်စီသည် ဇွန်လက မယ်စဲ့ရှိ တပ်စခန်းများနှင့် နယ်စပ်စခန်းများ လက်လွတ်ခဲ့ရသည့်နောက် ကရင်နီပြည်အတွင်းသို့ လူသူလက်နက်ခဲယမ်းနှင့် စက်သွယ်ရေးစက်များပါဝင်သော စစ်ကား ၁၀၀ ကျော်ပါ ယာဥ်တန်းကို လွိုင်ကော်မြို့နယ်အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့သည်ဟု KNDFက ဆိုသည်။

 

ဇူလိုင်လအတွင်း ကရင်နီတွင် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြာင်း တိုက်ခိုက်မှု ၄၂ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၁ အရွယ် ကလေး တစ်ဦး အပါအဝင် ပြည်သူ လေးဦး သေဆုံးခဲ့ရပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့်ပြည်သူ ခုနှစ်ဦး သေဆုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ဇူလိုင်လအတွင်း လူနေအိမ် ၁၃ လုံး ပျက်စီးခဲ့ကာ ဘာသာရေးအဆောက်အဦ နှစ်လုံး အပါအဝင် ဆေးပေးခန်း တစ်လုံးနှင့် စာသင်ကျောင်း နှစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့ရသည်။

 

 ပုံစာ- ဇူလိုင်လအတွင်း KNDFက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

 Burma Associated Pres

Karenni
KNDF
Military

Share With
bap-logo