bap-logo
Data

ဇူလိုင်လအတွင်း နေအိမ် သုံးထောင်နီးပါး မီးရှို့ခံရ၊ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်

9WV20oilgp3K4YhycD1AM-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၂။

 

ယခုနှစ် ဇူလိုင်လအတွင်း စစ်တပ်က တိုင်းနှင့် ပြည်နယ် ခုရှိ နေအိမ် ၂,၇၄၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။

 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်တို့ရှိ နေအိမ်များ မီးရှို့ခံရမှုကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက အများဆုံး မီးရှို့ခံထားရသည်။

 

စစ်တပ်က ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၌ ၅၅ ကြိမ် မန္တလေးတိုင်း၌ ကြိမ်၊ မကွေးတိုင်း၌ ကြိမ်၊ ပဲခူးတိုင်း၌ ကြိမ်၊ တနင်္သာရီတိုင်း၌ ကြိမ်၊ ကချင်၌ ၃ ကြိမ်နှင့် ကရင်ပြည်နယ်၌ ကြိမ် စုစုပေါင်း မီးရှို့ဖျက်ဆီးမှု ၈၅ ကြိမ် ကျူးလွန်ခဲ့သည်။

 

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ စစ်ကိုင်းတိုင်း၌ ၁,၇၅၀ လုံး၊ မန္တလေးတိုင်း၌ ၄၄၁ လုံး၊ ပဲခူးတိုင်း၌ ၆၃ လုံး၊ မကွေးတိုင်း၌ ၃၇၁ လုံး၊ တနင်္သာရီတိုင်း၌ ၁၅ လုံး၊ ကချင်၌ ၉၇ လုံးနှင့် ကရင်ပြည်နယ်၌ လုံး တို့ ဖြစ်သည်။

 

ဒါ့အပြင် စစ်တပ်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းရှိ ပြည်သူ ၁၅ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ သည်ဟု ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

ပုံစာ- ဇူလိုင် ၃ ရက်က မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ မကျီးကုန်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်များ

ဓာတ်ပုံ- ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

 

 

 

 Burma Associated Press

 

Military
Burned
civilian
house

Share With
bap-logo