bap-logo
Politics

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းဆက်ရှိ

xgmxxZ-JvOK8WWahviaL2-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၁၉။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိ နေတယ်လို့ ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်း ဌာနက ရေးသားထားပါတယ်။

 

ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာ့အရေးကြောင့် နိုင်ငံကိုယ်စားပြုမှု အရေးဆုံးဖြတ်ချက်ကို ထပ်မံ ဆိုင်းငံ့လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

နိုင်ငံကိုယ်စားပြုမှု ဆိုင်းငံ့ထားတဲ့အခြေအနေနနဲ့ ဆက်ရှိနေတာကြောင့် ဦးကျော်မိုးထွန်းအနေနဲ့ ကုလရဲ့ တချို့အစည်းအဝေးတွေမှာ မဲပေးခွင့်မရှိတာ၊ တက်ရောက်စကားပြောခွင့်မရှိတာမျိုးလည်း ရှိနေတယ်လို့ BBC က ရေးသားထးပါတယ်။

 

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရွေးချယ်ရေး ဆုံးဖြတ်ချက်ကို အရင် ၂၀၂၂ ခုနှစ်တုန်းကလည်း ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

 

ဦးကျော်မိုးထွန်းဟာ ၂၀၂၀ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

 

ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားမပြုကြောင်း မိန့်ခွန်းပြောဆိုခဲ့တဲ့အတွက် မြန်မာစစ်ကောင်စီက ဦးကျော်မိုးထွန်းကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။

 

Burma Associated Press

Kyaw Moe Tun
UN
coup
Spring Revolution

Share With
bap-logo