bap-logo
Politics

ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု အထူးအယူခံ ပယ်ချခံရ

1zgqjLVASjAygWBpMn7BF-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဆီက ရွှေနဲ့ ဒေါ်လာများ ရယူခဲ့တယ်လို့ စွပ်စွဲပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ထားတဲ့ အမှုအတွက် အထူးအယူခံကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တနင်္လာနေ့တုန်းက ပယ်ချခဲ့တယ်လို့ AP ရဲ့ သတင်းတစ်ပုဒ်ကဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေ ၇ပိဿာနဲ့ ဒေါ်လာခြောက်သိန်းကို ၂၀၁၇နဲ့ ၂၀၁၈ခုနှစ်အတွင်းမှာ ဦးဖြိုးမင်းသိန်း ဆီက ယူခဲ့တယ်လို့စွပ်စွဲခံရပြီး မနှစ်က ဧပြီလမှာအဂတိမှုနဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရတာပါ။

 

ဒေါ်အောင်ဆန်းစုကြည်ကတော့ စွပ်စွဲမှုတွေကအဓိပ္ပါယ်မရှိကြောင်း၂၀၂၁ ခုနှစ်က ရှေ့နေတွေကိုပြောခဲ့သလို သူ့တွင်အပြစ်မရှိကြောင်းကိုလည်း တရားရုံးမှာထွက်ဆိုထားပါတယ်။

 

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မူလက အမှု ၁၉မှုအတွက် ထောင်ဒဏ် ၃၃နှစ်ချမှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လမှာ အမှုငါးမှုအတွက် ထောင်ဒဏ် နှစ် လွတ်ငြိမ်းခွင့် ရခဲ့တာကြောင့် လောလောဆယ်မှာတော့ အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပါတယ်။

 

Burma Associated Press

Aung San Suu Kyi
appeal

Share With
bap-logo