bap-logo
Politics

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ သံတမန်ဆက်ဆံရေးကို ဆုံးဖြတ်ပိုင်ခွင့် မရှိဟု NUG ဆို

xSnBm9HsX_WmiECxN9iZD-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၂၈။

 

တီမောလက်စတေး သံရုံးယာယီတာဝန်ခံ နှင်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတကာ သံတမန် ဆက်ဆံရေးကို ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယနေ့ ထုတ် ပြန်သည်။

 

အရှေ့တီမောသံတမန်များကို စက်တင်ဘာ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံက အပြီးပိုင်ထွက်သွားရန် စစ်ကောင်စီက ဩဂုတ် ၂၆ ရက်တွင် ဖိအားပေးခဲ့ခြင်းဖြစ်သည်။

 

သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် ဆုံးဖြတ်နိုင်ခွင့်အာဏာသည် ပြည်သူလူထုနှင့် ၎င်းတို့မှ ရွေးကောက် တင်မြှောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိသည်ဟု NUGက ဆိုသည်။

 

ယခုကဲ့သို့ သံတမန်နှင်ထုတ်ခြင်းကို အရှေ့တီမောနိုင်ငံက ရှုံ့ချကြောင်း တုံ့ပြန်ထားပြီး မြန်မာစစ်အာဏာပိုင်တို့ အနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အကျပ်အတည်းကို ငြိမ်းချမ်းပြီး အပြုသဘောဆောင်သော ဖြေရှင်းမှု ရှာဖွေရန် တိုက်တွန်းထားသည်။

 

စစ်ကောင်စီကို တွန်းလှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တီမောနိုင်ငံက ထောက်ခံထားသလို တာဝန်ရှိသူအချင်းချင်းကြား မကြာခဏ တွေ့ဆုံမှုများလည်း ရှိသည်။

 

Burma Associated Press

Timor
Envoy
SAC
NUG

Share With
bap-logo