bap-logo
Politics

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

vxFfog2DoZx2uae_OqVop-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၂။

နေပြည်တော်အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို မနေ့က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ကျိုတိုသတင်းဌာနက ရေးသားပါတယ်။

 

တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တာဖြစ်ပြီး ဒါဟာ အာဏာသိမ်းစစ်တပ်က အကျဉ်းချထားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာထူးအမြင့်ဆုံး နိုင်ငံခြားရေးဝန်ကြီးတယောက်တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

 

Don ဟာ ဒေါ်အောင်ဆန်းစုကြည်ဆီက သတင်းစကားကို ယနေ့ ဂျကာတာမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးမှာ ပြောပြနိုင်တယ်လို့လည်း တိုကျိုသတင်းက ဆိုပါတယ်။

Burma Associated Press

japan
Aung San Suu Kyi

Share With
bap-logo