bap-logo
Politics

MAI ၏ နိုင်ငံခြားဘဏ်စာရင်းများကို စင်ကာပူအခြေစိုက် UOB ဘဏ်က ပိတ်သိမ်းမှုကို ထောက်ခံ ကြိုဆိုဟု မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ထုတ်ပြန်

gtMSRK-jU5Q1aVW2Iuq4h-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၁။

 

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း - MAI နိုင်ငံခြားဘဏ် စာရင်းများကို စင်ကာပူအခြေစိုက် UOB ဘဏ်က ပိတ်သိမ်းမည့်အပေါ် ထောက်ခံကြိုဆိုသည်ဟု မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ယမန်နေ့ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သည်။

 

စင်ကာပူအခြေစိုက်ဘဏ် United Oversea Bank-UOB က မြန်မာ စစ်ကောင်စီနှင့် ပတ်သတ်သည့် Myanmar Airways International – MAI လေကြောင်းလိုင်းကို ယခုနှစ် ဇူလိုင်လ ရက်မှ စတင်ကာ UOB ကို အသုံးပြု ငွေပေးချေမှုများ ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ဟု ဆိုထားသည်။

 

ထို့အပြင် ဘဏ်ရှိ MAI ဘဏ်စာရင်များကို သြဂုတ်လ ၁၅ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး ကျန်ငွေ အားလုံးကို ငွေလွှဲထုတ်ပေးမည်ဖြစ်သည်။

 

ထိုသို့ UOB ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကြိုဆိုထောက်ခံသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အရပ်သားများကို ထိခိုက်ဒဏ်ရာရစေမည့် လက်နက်များသာမက နှစ်မျိုးသုံး ပစ္စည်းများကို သတ်မှတ်ပြီး နိုင်ငံတွင်း ကုမ္ပဏီများကို မူဝါဒနှင့်အညီ အကောင်းဆုံး ကြပ်မတ်ပေးသည့် စင်ကာပူအစိုးရကိုလည်း ကျေးဇူးတင် သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Burma Associated Press

Singpore
bank
block
Myanmar Airways International

Share With
bap-logo