bap-logo
Politics

ကျိုက်ဇကောထောင်မှ ခေါ်ထုတ်သွားခံရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင် ကျဆုံး

M1AfHsALM7U7IlYgiRHgb-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၈။

 

ကျိုက်ဇကောထောင်မှ ခေါ်ထုတ်သွားခံရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ယမန်နေ့က သိရှိရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က ထုတ်ပြန်သည်။

 

ကိုခန့်လင်းနိုင်ကို အပါအဝင် နိုင်ငံရေးအကျဉ်းသား ဦးကို မေလ ၂၈ ရက်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှ စစ်တပ်က ခေါ်ထုတ်သွားခြင်းဖြစ်သည်။

 

ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်ကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀ () ၅၁ () တို့နဲ့ ထောင်ဒဏ်ချမှတ်ထားသည်။

 

ဒါ့အပြင် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က မုံရွာထောင်ကနေ ခေါ်ထုတ်သွားခဲ့ပြီး ဒီကနေ့အထိ အဆက်အသွယ် ပြတ်တောက်နေသည်ဟုလည်း အသိပေးထားသည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီး ချိန်မှ ယနေ့အထိ ကျောင်းသား/သူပေါင်း ၁၃၈ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီး ထိုထဲက ဦး သေဒဏ် ချမှတ်ခံထားရသည်ဟု သိရသည်။

 

ဓာတ်ပုံ- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

 

ပုံစာ- ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်

 

Burma Associated Press

SAC
sentenced
Bago
student

Share With
bap-logo